ကလေးတစ်ယောက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးသူဖြစ်လာစေဖို့

ကလေးကဏ္ဍ

ကျန်းမာရေးကောင်းဖို့ အရေးအကြီးဆုံးအချက်က ဘာများဖြစ်မလဲ။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးနေထိုင်ဖို့ပါ။ ဒါဆို ကိုယ်တိုင်ရောကျန်းမာရေးနဲ့ညီ​ညွတ်အောင်စားသုံးမိနေရဲ့လား။ ဒါကအရေးကြီးတယ်နော်။ ကိုယ်တိုင်အသက်ရှည်ဖို့ရော ကိုယ့်ကိုယ်ပွားလေး ကျန်းမာအသက်ရှည်စေဖို့ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတတ်တဲ့အလေ့အကျင့်က မဖြစ်မနေမွေးမြူသင့်တာပါ။

ကဲ..ကလေးကို ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတတ်သူဖြစ်လာစေဖို့ ဘာတွေများသိထားဖို့လိုမလဲ တွေးနေလား။ တွေးမနေပါနဲ့။ အခုပဲ ဒီဆောင်းပါးလေးကိုဖတ်ပြီး အကောင်းဆုံးလုပ်ဆောင်လိုက်ကြရအောင်လား…….

ကလေးတစ်ယောက်ရဲ့ အလေ့အထတွေအပေါ်မှာ လွှမ်းမိုးနိုင်စွမ်းအရှိဆုံးသူတွေက ဘယ်သူတွေများလဲ……..

ကလေးတစ်ယောက်ရဲ့ အလေ့အထတွေက သူငယ်စဉ်ကလက်ပွန်းတတီးရှိခဲ့တဲ့ လူကြီးတွေဆီက သင်ယူထားတာပါ။ ဒါကြောင့် လူကြီးတွေက စံပြဖြစ်နေဖို့လိုပါမယ်။

ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတတ်စေဖို့

ကလေးကို ငယ်စဉ် အစားအစာတွေစတင်မိတ်ဆက်ချိန်ကတည်းက အသီးအနှံ၊ သား၊ငါး၊ ပဲ၊ ဥအမျိုးမျိုးတို့ကို အချိုးအစားကျကျကျွေးမွေးပေးဖို့လိုပါမယ်။ ဒါမှလည်း ကလေးက အစားမရွေးဘဲ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတတ်သူတစ်ဦးအနေနဲ့ အရွယ်ရောက်ကြီးပြင်းလာမှာပါ။ ကလေးက အရွယ်ရောက်လာတဲ့အခါ ထမင်းဝိုင်းမျာအတူတူထိုင်ရင်း ဟင်းကိုထည့်ပေးပြီး ဒါလေးစားပါလား။ အသားအရေအတွက်ကောင်းတယ်။ ဒါလေးထည့်စားနော် ဝမ်းမှန်တယ်၊ ဒါကတော့ အမြင်အာရုံကောင်းတယ်။ ဒါက ဉာဏ်ကောင်းစေဖို့ စားနော်ဆိုပြီးပြောပေးပါ။ ကလေးက သိချင်လို့ မေးလာတဲ့ အခါတိုင်းမှာလည်း စိတ်ရှည်လက်ရှည်လေးဖြေပေးပါ။ ဒါမှ ကလေးက စားစရာတစ်ခုချင်းစီရဲ့ အာဟာရ၊ ကျန်းမာရေးအကျိုးကျေးဇူးတွေကို သိရှိလာမှာပါ။ အရသာရှိရှိပြင်ဆင်ပေးဖို့လည်း မမေ့ပါနဲ့။ ငယ်စဉ်မှာ ကောင်းစွာမိတ်ဆက်ပေးမှုက ကလေးကို တစ်သက်တာလုံး အသည်းစွဲကြိုက်သွားစေမှာပါ။

ကလေးအတွက် ဘာတွေပြင်ပေးမလဲ…….

ကလေးကို ငယ်စဉ်မှာကတည်းက ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတတ်သူတစ်ဦးဖြစ်လာစေဖို့အတွက်

ထမင်း – ကြီးထွားဖို့လိုအပ်တဲ့ ကစီဓာတ်ရရှိစေပြီး အင်အားပြည့်ဝစေမှာပါ။ ကိုယ်ခံအားကို အကောင်းဆုံးတည်ဆောက်ပေးသလို ကူးစက်ရောဂါတွေအန္တရာယ်ကနေလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

အသား – အရိုးနဲ့ကြွက်သားတွေ သန်မာဖွံ့ဖြိုးစေဖို့လိုအပ်တဲ့ ပရိုတင်း၊ သွေးအားနည်းရောဂါမဖြစ်စေဖို့ ကာကွယ်ပေးတဲ့ သံဓာတ်။ အာရုံစူးစိုက်မှုကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးတဲ့ အာဟာရဓာတ်တွေပြည့်စုံစွာပါဝင်နေပါတယ်။ ဒါကြောင့် ကလေးကို ငယ်ငယ်ကတည်းက အဆီမပါတဲ့ အနီရောင်အသား၊ ကြက်သားတို့ကို ကျွေးပေးပါ။

ကြက်ဥ – ပရိုတင်းကြွယ်ဝသလို ဗီတာမင် D လည်းပြည့်ဝစွာပါဝင်နေပါတယ်။ ကယ်လ်ဆီယမ် စုပ်ယူမှုကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ အာဟာရပြည့်ဝစေသလို ကလေးတော်တော်များများအကြိုက်တွေ့မယ့် အစားအစာတစ်မျိုးပေါ့။

နို့နဲ့နို့ထွက်ပစ္စည်း –  ကယ်လ်ဆီယမ်နဲ့ ပရိုတင်းတို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးပေးရုံနဲ့ ကလေးကို အကောင်းဆုံးကြီးထွားသန်မာစေနိုင်မှာပါ။ အရိုးနဲ့သွားတွေကို ကြံ့ခိုင်စေပြီး ကြွက်သားဖွံ့ဖြိုးစေနိုင်ပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ – အမြင်အာရုံကောင်းစေမယ့် ဗီတာမင် A၊ ကိုယ်ခံအားကောင်းစေနိုင်တဲ့ ဗီတာမင် C၊ ဖောလိတ်၊ ဇင့်၊ အကျိုးပြုဘက်တီးရီးယားအာဟာရ (Prebiotics) တွေပါဝင်နေပါတယ်။ အမျှင်ဓာတ်လည်းကြွယ်ဝတာကြောင့် အစာခြေစနစ်ကျန်းမာပြီး အာဟာရပြည့်ဝစေမှာပါ။

သစ်သီးတွေ – ဒါတွေကလည်း ငယ်ငယ်ကတည်းက ကျွေးထားသင့်ပါတယ်။ အကြောင်းကတော့ ကလေးက ဗီတာမင် C လိုမျိုးကိုယ်ခံအားကောင်းစေတဲ့ အာဟာရဓာတ်တွေကို သစ်သီးတွေကနေရရှိနိုင်တာကြောင့်ပါ။ ဒါကြောင့် ကလေးကို သစ်သီးလေးတွေ ပြင်ဆင်ကျွေးမွေးဖို့လည်း မမေ့ပါနဲ့။

အစေ့အဆန်တွေ – အစေ့အဆန်တွေက ကလေးရဲ့ဦးနှောက်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ Omega-3 Fatty Acid ကိုအကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက အစေ့အဆန်လေးတွေကိုပါ ပြင်ဆင်ကျွေးမွေးပေးပါ။

ကဲ…ကလေးကို ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတတ်သူတစ်ဦးဖြစ်လာစေဖို့အတွက် အခုလိုမျိုး အာဟာရမျှတပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအစာတွေကို သင့်တင့်အောင်ပြင်ဆင်ပေးပြီး ကိုယ်တိုင်ကလည်း သူနဲ့အတူအားပါးတရစားလို့ အလေ့အကျင့်ကောင်းလေးတစ်ရပ်ကို မွေးမြူပေးလိုက်ရအောင်လား……..

Crd

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ကလေးကဏ္ဍ
မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ

မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ ကလေးတွေဟာ မွေးကင်းစအချိန်ကနေ အသက်တစ်နှစ်ပြည့်တဲ့အချိန်ထိ မိဘတွေအနေနဲ့ သေချာအနီးကပ်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လုံခြုံတဲ့ မိခင်ရဲ့ ဝမ်းဗိုက်ထဲကနေ ပြင်ပလောကကို ရောက်ရှိလာပြီး အသက်ရှူဖို့၊ စားသောက်ဖို့၊ အိပ်စက်အနားယူဖို့ အစရှိတဲ့အရာတွေကို စတင်သင်ယူရပါတယ်။ ပြင်ပလောကနဲ့ အသားကျဖို့အတွက် ပြင်ဆင်နေရတဲ့ ဒီပထမတစ်နှစ်ကာလကတော့ ကလေးတွေအတွက် ကျန်းမာရေးပြဿနာများ ထူပြောတဲ့ ကာလမို့ မကြာခင်မှာ မိဘလောင်းဖြစ်တော့မယ့်သူတွေရော၊ အခုမှ ပထမဆုံး သားဦးသမီးဦးမွေးထားတဲ့ မိဘတွေအတွက်ပါ သိထားသင့်တဲ့ ကျန်းမာရေးပြဿနာများကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ ၁။ မွေးဖွားစဉ် ထိခိုက်မှုများ တစ်ခါတရံ မီးဖွားနေချိန်မှာ ကလေးကို မိခင်မွေးလမ်းကြောင်းကနေ လျင်မြန်စွာ ထွက်လာစေဖို့ ညှပ်ကိုအသုံးပြုရတာမျိုး ရှိပါတယ်။ …

ကလေးကဏ္ဍ
ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် ကျန်းမာမှ ဗိုက်ထဲက ဘေဘီလေးက ကျန်းမာမှာပါ။ အခုလို ရောဂါပိုးတွေ ပြန့်နှံ့နေချိန်မှာ ကိုယ်ခံအားကောင်းဖို့ကလည်း အရေးကြီးနေတာဆိုတော့ ကိုယ်ဝန်ဆောင်နေရတဲ့ လေဒီတွေ အနေနဲ့ ကိုယ်ခံအား ကောင်းအောင် စားသောက်ဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင် မေမေတွေ အနေနဲ့ ဘေဘီလေးကို မထိခိုက်စေဘဲ ကိုယ်ခံအား ကောင်းအောင် ဘာတွေ စားသောက်ရမလဲ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ ပြောပါရစေ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား ကောင်းစေဖို့ ဘာတွေ စားရမလဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားကောင်းစေဖို့ ဒါတွေစားပါ။ ကြက်သွန်ဖြူ ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး၊ အအေးမိ၊ တုပ်ကွေး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မှိုပိုး ကူးစက်ခံရတာနဲ့ နှာစေး၊ ချောင်းဆိုးတာက စလို့ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို မဖြစ်စေဖို့ အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားပြဿနာ ကင်းစေပြီး …

ကလေးကဏ္ဍ
ကိုယ်ဝန်ဆောင်ချိန် ခံစားရမယ့် ကျန်းမာရေးပြဿနာတွေကို ဒီလို ဖြေရှင်းပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ ကတော့ အမျိုးမျိုး ပါပဲ။ ဒီကျန်းမာရေး ပြဿနာတွေက ဆေးခန်း ပြလောက်တဲ့အထိ မလိုအပ်ပေမယ့် ခံစားရခက်တာကတော့ အသေအချာပါပဲ။ ဒီကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖော်ပြပေးထားတာမို့ ဖတ်ကြည့်လိုက်နော်။ ကိုယ်ဝန်ဆောင်ချိန် အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ အစုစု ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေက – ဝမ်းချုပ်တာ – ကြွက်တက်တာ – မောပန်း နွမ်းနယ်တာ – ပူသလို အိုက်သလို ခံစားရတာ – ဆီး ခဏခဏ သွားတာ – အရေပြား နဲ့ …