ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ

ကျန်းမာရေး

ကျောက်ကပ်ရောဂါဟာ ဆီးချိုရောဂါကို ခံစားနေရသူတွေအတွက် အဆိုးဆုံးကြုံနိုင်တဲ့ နောက်ဆက်တွဲပြဿနာ ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါခံစားနေရသူများဟာလည်း ဆီးချိုကြောင့် ဖြစ်တတ်တာ များပါတယ်။ ဆီးချိုနဲ့ ဆက်နွယ်နေတဲ့ အခြားပြဿနာတွေလိုပဲ ရောဂါစတင်ခြင်းရဲ့ ကနဦးလက္ခဏာကို အနည်းငယ်လောက်ပဲ ပြပါတယ်။ လက္ခဏာစပြပြီးချိန်ကနေ ကျောက်ကပ်ကိုထိခိုက်တဲ့ အခြေအနေအထိ ဆယ်နှစ်လောက်လည်း ကြာနိုင်ပါတယ်။

ကျောက်ကပ်ထိခိုက်ခြင်းလက္ခဏာများ

များသောအားဖြင့် ကျောက်ကပ်အလုပ်ကောင်းကောင်းလုပ်နေသမျှလက္ခဏာမပြတတ်ပါဘူး။ ကျောက်ကပ်ကို ထိခိုက်လာချိန်မှာ ပေါ်လာနိုင်တဲ့ လက္ခဏာတွေကတော့

– အရည်များစုခြင်း

– ခြေဖမိုး၊ ခြေကျင်းဝတ်၊ ခြေထောက်များ ဖောရောင်ခြင်း

– အစားအသောက်ပျက်ခြင်း

– အချိန်တိုင်းလိုလို မောပန်းအားနည်းသလို ခံစားရခြင်း

– မကြာခဏခေါင်းကိုက်ခြင်း

– အစာအိမ်အောင့်ခြင်း

– ပျို့ခြင်း၊ အန်ခြင်း

– အိပ်မပျော်ခြင်း

– အာရုံစိုက်ရန်ခက်ခဲခြင်း

စတာတွေ ဖြစ်ပါတယ်။

ဆီးချိုကြောင့် ကျောက်ကပ်ပျက်စီးခြင်းဖြစ်နိုင်ခြေမြင့်စေသော အကြောင်းများ

ဆီးချိုရောဂါရှိသူတွေမှာ ကျောက်ကပ်ကို ကောင်းမွန်အောင်ထိန်းသိမ်းနိုင်ဖို့ စောစီးစွာသိနိုင်ဖို့ လိုအပ်ပါတယ်။ ဆီးချိုရောဂါဖြစ်ပွားရင် ကျောက်ကပ်ဟာ အလုပ်ကို ပိုမိုအားစိုက်လုပ်ဆောင်ရလို့ ဖြစ်ပါတယ်။ ကျောက်ကပ်ကို ထိခိုက်နိုင်စေတဲ့ အခြားအခြေအနေတွေကတော့

– သွေးပေါင်ချိန်မထိန်းနိုင်ခြင်း

– သွေးတွင်းဆီးချိုဓာတ်ကို မထိန်းနိုင်ခြင်း

– အဝလွန်ခြင်း

– ကိုလက်စထရောများခြင်း

– ကျောက်ကပ်ရောဂါ/ နှလုံးရောဂါဖြစ်ပွားသည့် မိသားစုရာဇဝင်ရှိခြင်း

– ဆေးလိပ်သောက်ခြင်း

– အသက်အရွယ်ကြီးခြင်း

စတာတွေ ဖြစ်ပါတယ်။

ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါဖြစ်ပွားရခြင်းအကြောင်းများ

အဓိကအားဖြင့် သွေးတွင်းသကြားဓာတ်ကို နှစ်နဲ့ချီပြီး မထိန်းချုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။ တခြားအကြောင်းအရာတွေလည်း ရှိပါသေးတယ်။ ဥပမာ မျိုးရိုးဗီဇဖြစ်ပါတယ်။

ကျောက်ကပ်များဟာ ကိုယ်ခန္ဓာရဲ့သွေးတွေကို သန့်စင်ပေးရတဲ့တာဝန် ထမ်းဆောင်ပါတယ်။ ကျောက်ကပ်တခုမှာ နက်ဖရွန်လို့ခေါ်တဲ့ အစိတ်အပိုင်းပေါင်းများစွာရှိပြီး သွေးကို သန့်စင်ကြပါတယ်။

အကယ်၍ လူတဦးဟာ အမျိုးအစား ၂ ဆီးချိုဖြစ်ပွားနေရင် ကျောက်ကပ်တွေဟာ အလုပ်ပိုလုပ်ရပါတယ်။ အကြောင်းကတော့ သွေးထဲမှာပိုလျှံနေတဲ့ ဂလူးကို့စ်တွေကို ဖယ်ထုတ်နေရလို့ ဖြစ်ပါတယ်။ နက်ဖရွန်များဟာ အဆမတန်လုပ်ဆောင်လာရတဲ့အခါ ရောင်ရမ်းလာပြီး ပျက်စီးခြင်း စတင်လာပါတယ်။ နက်ဖရွန်များပျက်စီးလာတဲ့အခါ သွေးထဲကနေ ပုံမှန်ဖယ်ထုတ်ပေးနေရတဲ့ အရာတွေကို ဖယ်ထုတ်နိုင်ခြင်း မရှိတော့ပါဘူး။ ဥပမာ အယ်လ်ဗျူမင်ဆိုတဲ့ ပရိုတိန်းတမျိုး ဖြစ်ပါတယ်။ ကျောက်ကပ်က မစစ်ထုတ်နိုင်တော့တဲ့အခါ ဆီးထဲမှာ ပါလာပါတယ်။ ဒါကြောင့် ကျောက်ကပ်အလုပ်လုပ်တဲ့ အခြေအနေကို သိချင်ရင် ဆီးနမူနာထဲမှာ အယ်လ်ဗျူမင် ဘယ်လောက်ရှိနေသဲ စစ်ဆေးကြခြင်း ဖြစ်ပါတယ်။

ဒီထက်အခြေအနေပိုဆိုးလာပြီး ကျောက်ကပ်က သွေးသန့်စင်ခြင်းကို မလုပ်ဆောင်နိုင်တော့ရင် စက်ပစ္စည်းအကူအညီနဲ့ သွေးကိုသန့်စင်လာရပါတယ်။ ဒီအခြေအနေကို ကျောက်ကပ်ဆေးခြင်း၊ ကျောက်ကပ်သွေးသန့်စင်ခြင်း (Renal Dialysis) လို့ ခေါ်ပါတယ်။

ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါကို ဘယ်လိုကာကွယ်မလဲ

အကောင်းဆုံးကတော့ အစားအသောက်ကို ချင့်ချိန်ဖို့ပါပဲ။ ဆီးချိုရှိသူတွေအနေနဲ့ သွေးထဲမှာ ဂလူးကို့စ်ဓာတ် မျှတအောင်၊ သွေးတွင်း ကိုလက်စထရောကို ပုံမှန်ဖြစ်အောင် အလုပ်ကိုပိုမိုလုပ်ဆောင်နေရလို့ ပိုမိုသတိပြုရပါတယ်။ အချိုအဆိမ့်များကို စားသုံးမှုလျှော့ချရပါတယ်။

ဒါ့အပြင် သွေးပေါင်ချိန်ကို ထိန်းသိမ်းနိုင်ဖို့ လိုအပ်ပါတယ်။ ကျောက်ကပ်ရောဂါအစပျိုးချိန်မှာ သွေးတိုးရင် ပိုဆိုးတတ်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းနိုင်ဖို့

– ဆားလျှော့စားခြင်း

– ကိုယ်အလေးချိန်လျှော့ခြင်း

– အရက်၊ ဆေးလိပ်ရှောင်ခြင်း

စတဲ့နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

ဒါ့အပြင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကိုလည်း ပုံမှန်ပြုလုပ်သင့်ပါတယ်။ အနည်းဆုံးတော့ နေ့စဉ် နာရီဝက်ခန့် လမ်းလျှောက်သင့်ပါတယ်။

Crd

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ကျန်းမာရေး
ဆီးချိုဝေဒနာရှင်တွေကို အထူးအန္တရာယ်ပေးနေတဲ့ကိုဗစ်

လတ်တလော ကိုဗစ်ရောဂါကြောင့်သေဆုံးသွားသူ အားလုံးလိုလိုမှာဆီးချိုရောဂါရှိနေတာကို တွေ့ရမှာပါ။ ဆီးချိုရောဂါအခံရောဂါရှိသူတွေဟာ ကိုဗစ်ဒဏ်ကို ဘာကြောင့်ပိုခံရသလဲဆိုတာ ပြောပြပေးချင်ပါတယ်။ သွေးလေးဖက်နာရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါလို နာတာရှည်ရောဂါတစ်ခုခုရှိနေရင် ကိုဗစ်ရောဂါက ပိုဒုက္ခပေးနိုင်တာကို အတော်များများသိကြပြီးဖြစ်မှာပါ။ ဒါဟာအဓိကအားဖြင့် ဆီးချိုရောဂါရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုနဲ့သက်ဆိုင်ပါတယ်။ ဆီးချိုရောဂါရှင်တွေက ဆီးချိုမရှိတဲ့သူတွေလောက် ကိုယ်ခံအား မကောင်းပါတဲ့အတွက် ပြင်ပရောဂါတွေဝင်ရောက်လာမှာတဲ့အခါ ခံနိုင်ရည်သိပ်မရှိသလို ရောဂါကိုလည်းပြန်မတိုက်ထုတ်နိုင်ပါဘူး။ ဒါ့ကြောင့် ဆီးချိုမရှိသူတွေနဲ့ယှဉ်ရင် ကိုဗစ်လက္ခဏာတွေ ပိုဆိုးဆိုးရွားရွားခံစားရပြီး နောက်ဆက်တွဲပြဿနာတွေပိုဝင်လာတာဖြစ်ပါတယ်။ တကယ်လို့ ဆီးချိုရောဂါအပြင် နှလုံးရောဂါ (ဒါမှမဟုတ်) အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတစ်ခုခုပါ တွဲရှိနေရင်တော့ တအားအသက်အန္တရာယ်များသွားပါပြီ။ ခန္ဓာကိုယ်ကဗိုင်းရပ်စ်ပိုးကို ပြန်တိုက်ထုတ်နိုင်ဖို့ အင်အားမရှိသလောက်ဖြစ်သွားပါပြီ။ ဆီးချိုရောဂါရှိသူ ကိုဗစ်ကူးစက်ခံရရင် ဆီးချိုရောဂါရဲ့နောက်ဆက်တွဲပြဿနာတွေပိုကြုံတွေ့ရနိုင်ပါတယ်။ ဒီအထဲမှာအန္တရာယ်အများဆုံးက DKA (Diabetic ketoacidosis) ဖြစ်ပါတယ်။ အမျိုးအစား (၁) ဆီးချို ခံစားနေသူတွေမှာပိုအဖြစ်များပါတယ်။ DKA ဝင်လာရင်ကိုယ်ထဲမှာ ကီတုန်း (ketone) လို့ခေါ်တဲ့ အက်စစ်ဓာတ်တွေ မြင့်တက်လာပါတယ်။ …

ကျန်းမာရေး
ပျဉ်းမဖြူ နှင့် ကင်ဆာမျိုးစုံ

ပျဉ်းမဖြူ နှင့် ကင်ဆာမျိုးစုံ ****************^****************** သားအိမ် ကင်ဆာ ၊အူမကြီးကင်ဆာ၊ အသည်းကင်ဆာ ၊စသည့်ကင်ဆာမျိုးစုံ၊ လေးဘက်နာ၊လေဖြတ်လေငန်းရောဂါ၊ အစရှိသည့်ရောဂါဝေဒနာများအတွက် ပျဉ်းမဖြူ အမြစ် ————————- ✔ ပျဉ်းမဖြူ မြစ်ကို ဆန်ဆေးရေနဲ့သွေးသောက်ရုံပါ၊ တစ်ရက်( ၂)ကြိမ် ဟင်းစားဇွန်း တစ်ဇွန်းစာ ရောဂါဝေဒနာပျောက်ကင်းသည်ထိသောက်ပေးပါ။ ➳ မည်သည့်ဆေးမြစ်/ခေါက်ကိုမဆို သန့်စင်ဆေးကြောပြီးရေနွေးဆူဆူမှာ (၁၅)မိနစ်ခန့်ပြုတ်၍ဖြစ်စေ ပေါင်းအိုးထဲထည့်ပေါင်း၍ဖြစ်စေ ပိုးသတ်ပြီးမှ အသုံးပြုသင့်ပါသည်။ {တစ်နည်း} ✔ အသည်းကင်ဆာ သမားများ ပျဉ်းမဖြူ အခေါက်နှင့် နလင်ကျော် နှစ်မျိုးကို ဆန်ဆေးရေနှင့် သွေးပြီးတစ်ရက်နှစ်ကြိမ် ဟင်းစားဇွန်း တစ်ဇွန်းစာဝေဒနာသက်သာသည်ထိ နေ့စဉ်သောက်ပေးပါ။ ✔ လေဖြတ်သူများ လိမ်းလည်းလိမ်း သောက်လည်းသောက်ပါ။ ✔ ဒူးနာ ခါးနာ …

ကျန်းမာရေး
ဆီးချိုရှိလည်း အသက်ရှည်ရှည်နေလို့ရမယ့် လျှို့ဝှက်ချက်

ဆီးချိုရောဂါဆိုတာ လူကြီးတွေရော ၄၀ ပတ်ဝန်းကျင်လူလတ်ပိုင်းတွေမှာပါ အဖြစ်အများဆုံး ရောဂါတွေထဲက တစ်မျိုးပါ။ နေထိုင်စားသောက်မှု ပုံစံ မှားယွင်းတာအပြင် မွေးရာပါ အားနည်းချက်၊ မိဘမျိုးရိုး လိုက်တာ စတဲ့အချက်တွေကြောင့် ဆီးချိုရောဂါ ဖြစ်လာနိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဆီးချိုရောဂါသည် ဆေးနဲ့သာ ထိန်းချုပ်ထားလို့ရပြီး လုံးဝမပျောက်တဲ့ နာတာရှည်ရောဂါ အမျိုးအစားဖြစ်လို့ တော်တော်များများက ဆီးချိုဖြစ်ပြီဆိုရင် အလွန်စိတ်ဓာတ်ကျပါတယ်။ ဒီနေရာမှာ ပြောပြချင်တာကတော့ ရောဂါရှိနေတဲ့တိုင်အောင် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို သေချာလေး ပြင်ဆင်မယ်ဆိုရင် သာမန်လူတစ်ယောက်လိုပဲ ကျန်းမာအသက်ရှည်စွာ နေထိုင်သွားနိုင်မှာပါ။ ဒါဆို ဘာတွေ ပြင်ဆင်ဖို့လိုမလဲ အရင်ဆုံး စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ပါ။ ရောဂါကို မဖြစ်ခင်က ကြိုတင်ကာကွယ်လို့ ရသလို ဖြစ်ပြီးသွားရင်လည်း နောက်ပြန်ဆုတ်လို့ …