ဆီးချိုရှိသူတွေကို ကိုယ်ခံအား မြှင့်တင်ပေးမယ့် စားစရာတွေ

ကျန်းမာရေး

ဆီးချိုရှိသူတွေက ကျန်းမာသူတွေထက် ကိုယ်ခံအား နည်းနေတတ်ပြီး ရောဂါတွေ အလွယ်တကူ ဝင်ရောက်ကူးစက်ခံရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆီးချိုရှိသူတွေအနေနဲ့ ကိုယ်ခံအား ကောင်းအောင် ဘယ်လို စားသောက်နေထိုင်ရမလဲဆိုတာကို ပြောပြပေးမယ်နော်။

ဆီးချိုရှိသူတွေ ကိုယ်ခံအား ကောင်းစေဖို့

ဆီးချိုရောဂါ ခံစားနေရသူတွေ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင်

ကုလားပဲ

ကုလားပဲမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ပရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် D၊ ဗီတာမင် E၊ ဇင့်၊ သံဓာတ်၊ ဆီလီနီယမ်တို့ ပါဝင်နေပါတယ်။ ဇင့်က နှလုံးကျန်းမာစေသလို သွေးတွင်းသကြားဓာတ် မြင့်တက်တာကြောင့် နှလုံး ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

အမျှင်ဓာတ် ပါဝင်မှုက အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေသလို သွေးတွင်းသ​ကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ အင်ဆူလင် တုံ့ပြန်နိုင်စွမ်း ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

ပင်လယ်ငါး

ပင်လယ်ငါးတွေ ဖြစ်ကြတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ မက်ကာရယ်စတာတွေက omega-3 fatty acids ကြွယ်ဝစွာ ပါဝင်နေပါတယ်။ omega-3 fatty acids က ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးသလို ကိုယ်ခံအား ကောင်းစေပြီး နှလုံး ကျန်းမာစေပါတယ်။  သွေးဖြူဥဆဲလ်တွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဆီးချိုရှိသူတွေ အနေနဲ့ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် တစ်ပတ်ကို တစ်ကြိမ်လောက် ပင်လယ်ငါး စားပေးဖို့ လိုပါမယ်။

မုန်လာဥနီ

မုန်လာဥနီမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေပါတယ်။ မုန်လာဥနီက ကိုယ်ခံအားကိုတင် အားဖြည့်ပေးတာလားဆိုတော့ မဟုတ်ပါဘူး ဆီးချိုကြောင့် အမြင်အာရုံ ထိခိုက်တာကိုပါ ကာကွယ်ပေးပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက ကိုယ်ခံအား ကောင်းစေပြီး ရောဂါတွေကို တိုက်ထုတ်ပေးပါတယ်။ သွေးတွင်း သကြားဓာတ် မြင့်တက်စေတာမျိုး မရှိတဲ့ အဆာပြေ စားစရာလေးတစ်မျိုးပါ။

သစ်ကြားသီး 

သစ်ကြားသီးမှာ ကိုယ်ခံအားစနစ်ကို အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေပါတယ်။ နောက်တစ်ချက်က ဗီတာမင် E က ကိုယ်ခံအားကိုတင် အားဖြည့်ပေးတာ မဟုတ်ဘဲ သွေးတွင်း သကြားဓာတ်ကိုပါ ထိန်းညှိပေးပါတယ်။ နာကျင်ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။

ဦးနှောက် ကျန်းမာစေပြီး သိမြင်မှုစွမ်းရည် ကောင်းမွန်စေသလို အစားစားချင်စိတ်ကို ဖြစ်ပေါ်စေပြီး နှလုံး ကျန်းမာစေပါသေးတယ်။

ငရုတ်ပွ

ငရုတ်ပွမှာ ဗီတာမင် C ကြွယ်ဝမှုက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးပြီး သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပြီး နှလုံး ကျန်းမာစေဖို့ အားဖြည့်ပေး ပါသေးတယ်။

ကော်လာဂျင် ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး ဆီးချိုကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာတွေကို ကာကွယ်ပေးပါတယ်။

ပဲနီလေး

ဇင့်ဓာတ် ကြွယ်ဝသလို အမျှင်ဓာတ်လည်း ပြည့်ဝစွာ ပါဝင်နေပါတယ်။ ခဏခဏစားချင်တာမျိုး မဖြစ်စေဖို့ ထိန်းချုပ်ပေးပြီး သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်း ကင်းစေပါတယ်။

အကျိုးပြု ဘက်တီးရီးယား အာဟာရပါဝင်တာကြောင့် အူတွင်းက အကျိုးပြု ဘက်တီးရီးယားတွေကို ကျန်းမာစေပါတယ်။ အာဟာရ ပြည့်ဝစွာ ရရှိအောင် ထောက်ပံ့ပေးပြီး ကိုယ်ခံအားကို အားဖြည့်ပေးပါတယ်။

Crd

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ကျန်းမာရေး
ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ဆီးချိုက အမျိုးအစား တစ်ခုမကပါဘူး။ ဒီ ဆီးချို အမျိုးအစားထဲမှာမှ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ဒီဆောင်းပါးလေးကနေ ပြောပြပေးသွားပါမယ်။ ကိုယ်ဝန်ဆောင် ဆီးချို ကိုယ်ဝန်ဆောင်ချိန်က စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်ပါ။ ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးတဲ့အခါ ရင်သွေးလေးကို လူ့လောကထဲကို ခေါ်ဆောင်နိုင်မှာလေ။ ကိုယ်ဝန်ဆောင်ချိန်က ပျော်စရာ အကောင်းဆုံး အချိန်ဆိုလည်း မမှားပါဘူး။ ကိုယ်ဝန်ဆောင်ချိန်က ပျော်စရာတွေပဲလားဆိုတော့ မဟုတ်သေးပါဘူး ပင်ပန်းမှုတွေ ရင်ဆိုင်ရနိုင်သလို ကျန်းမာရေးပြဿနာတွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ​ကြောင့် ကိုယ်ဝန်ဆောင်ချိန်က သေချာ ဂရုစိုက်သင့်တဲ့ ကာလပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အထူး ဂရုစိုက်သင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခုက ကိုယ်ဝန်ဆောင် ဆီးချိုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချို ခံစားရမယ်ဆိုရင်မိခင်ရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် …

ကျန်းမာရေး
ဒါတွေကြောင့် အူမကြီးကင်ဆာ ဖြစ်တတ်ပါတယ်။

အူမကြီးကင်ဆာက အဖြစ်များတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ ကမ္ဘာမှာရော မြန်မာမှာပါ အဖြစ်များပါတယ်။ ဘာတွေကြောင့် ဖြစ်တာလဲ။ ဘယ်သူတွေ ပိုဖြစ်နိုင်လဲဆိုတာ သိထားသင့်ပါတယ်။ ကိုယ်နဲ့ ကိုက်ညီတဲ့ အချက်ရှိရင် စောစောစီးစီး ဆင်ခြင်နိုင်အောင်ပါ။ အူမကြီးက ဝမ်းဗိုက်ရဲ့ နေရာတော်တော်များများကို ယူထားပါတယ်။ ဝမ်းဗိုက်ရဲ့ ညာဘက် အောက်ပိုင်းကနေ အပေါ်ကိုတက်တာတယ်။ ပြီးတော့ ချက်အပေါ်နားကနေ ဘယ်ဘက်ကို ကန့်လန့်ဖြတ်သွားတယ်။ ပြီးတော့ဝမ်းဗိုက်ရဲ့ ဘယ်ဘက်အောက်ပိုင်းကို ဆင်းသွားတယ်။ နောက်ဆုံးမှာ အနောက်ထဲကို ဝင်ပြီး မစင်အိမ်နဲ့ သွားဆက်ပါတယ်။ ဒါကြောင့် အူမကြီးက တော်တော်ရှည်ပါတယ်။ မစင်အိမ်ပါအပါ ဒီအူမကြီးတစ်လျှောက် ဘယ်နေရာမှာမဆို ကင်ဆာဖြစ်နိုင်ခြေရှိတဲ့အတွက် သတိထားဖို့ လိုပါတယ်။ ဘယ်လိုအချက်တွေကြောင့် ကင်ဆာဖြစ်ရတာလဲ။ ကင်ဆာတွေရဲ့ သဘာဝအတိုင်း ဆဲလ်ပွားတာ …

ကျန်းမာရေး
ဆီးချိုဝေဒနာရှင်တွေကို အထူးအန္တရာယ်ပေးနေတဲ့ကိုဗစ်

လတ်တလော ကိုဗစ်ရောဂါကြောင့်သေဆုံးသွားသူ အားလုံးလိုလိုမှာဆီးချိုရောဂါရှိနေတာကို တွေ့ရမှာပါ။ ဆီးချိုရောဂါအခံရောဂါရှိသူတွေဟာ ကိုဗစ်ဒဏ်ကို ဘာကြောင့်ပိုခံရသလဲဆိုတာ ပြောပြပေးချင်ပါတယ်။ သွေးလေးဖက်နာရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါလို နာတာရှည်ရောဂါတစ်ခုခုရှိနေရင် ကိုဗစ်ရောဂါက ပိုဒုက္ခပေးနိုင်တာကို အတော်များများသိကြပြီးဖြစ်မှာပါ။ ဒါဟာအဓိကအားဖြင့် ဆီးချိုရောဂါရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုနဲ့သက်ဆိုင်ပါတယ်။ ဆီးချိုရောဂါရှင်တွေက ဆီးချိုမရှိတဲ့သူတွေလောက် ကိုယ်ခံအား မကောင်းပါတဲ့အတွက် ပြင်ပရောဂါတွေဝင်ရောက်လာမှာတဲ့အခါ ခံနိုင်ရည်သိပ်မရှိသလို ရောဂါကိုလည်းပြန်မတိုက်ထုတ်နိုင်ပါဘူး။ ဒါ့ကြောင့် ဆီးချိုမရှိသူတွေနဲ့ယှဉ်ရင် ကိုဗစ်လက္ခဏာတွေ ပိုဆိုးဆိုးရွားရွားခံစားရပြီး နောက်ဆက်တွဲပြဿနာတွေပိုဝင်လာတာဖြစ်ပါတယ်။ တကယ်လို့ ဆီးချိုရောဂါအပြင် နှလုံးရောဂါ (ဒါမှမဟုတ်) အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတစ်ခုခုပါ တွဲရှိနေရင်တော့ တအားအသက်အန္တရာယ်များသွားပါပြီ။ ခန္ဓာကိုယ်ကဗိုင်းရပ်စ်ပိုးကို ပြန်တိုက်ထုတ်နိုင်ဖို့ အင်အားမရှိသလောက်ဖြစ်သွားပါပြီ။ ဆီးချိုရောဂါရှိသူ ကိုဗစ်ကူးစက်ခံရရင် ဆီးချိုရောဂါရဲ့နောက်ဆက်တွဲပြဿနာတွေပိုကြုံတွေ့ရနိုင်ပါတယ်။ ဒီအထဲမှာအန္တရာယ်အများဆုံးက DKA (Diabetic ketoacidosis) ဖြစ်ပါတယ်။ အမျိုးအစား (၁) ဆီးချို ခံစားနေသူတွေမှာပိုအဖြစ်များပါတယ်။ DKA ဝင်လာရင်ကိုယ်ထဲမှာ ကီတုန်း (ketone) လို့ခေါ်တဲ့ အက်စစ်ဓာတ်တွေ မြင့်တက်လာပါတယ်။ …