ဆီးချိုဝေဒနာရှင်တွေကို အထူးအန္တရာယ်ပေးနေတဲ့ကိုဗစ်

ကျန်းမာရေး

လတ်တလော ကိုဗစ်ရောဂါကြောင့်သေဆုံးသွားသူ အားလုံးလိုလိုမှာဆီးချိုရောဂါရှိနေတာကို တွေ့ရမှာပါ။ ဆီးချိုရောဂါအခံရောဂါရှိသူတွေဟာ ကိုဗစ်ဒဏ်ကို ဘာကြောင့်ပိုခံရသလဲဆိုတာ ပြောပြပေးချင်ပါတယ်။

သွေးလေးဖက်နာရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါလို နာတာရှည်ရောဂါတစ်ခုခုရှိနေရင် ကိုဗစ်ရောဂါက ပိုဒုက္ခပေးနိုင်တာကို အတော်များများသိကြပြီးဖြစ်မှာပါ။ ဒါဟာအဓိကအားဖြင့် ဆီးချိုရောဂါရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုနဲ့သက်ဆိုင်ပါတယ်။ ဆီးချိုရောဂါရှင်တွေက ဆီးချိုမရှိတဲ့သူတွေလောက် ကိုယ်ခံအား မကောင်းပါတဲ့အတွက် ပြင်ပရောဂါတွေဝင်ရောက်လာမှာတဲ့အခါ ခံနိုင်ရည်သိပ်မရှိသလို ရောဂါကိုလည်းပြန်မတိုက်ထုတ်နိုင်ပါဘူး။

ဒါ့ကြောင့် ဆီးချိုမရှိသူတွေနဲ့ယှဉ်ရင် ကိုဗစ်လက္ခဏာတွေ ပိုဆိုးဆိုးရွားရွားခံစားရပြီး နောက်ဆက်တွဲပြဿနာတွေပိုဝင်လာတာဖြစ်ပါတယ်။ တကယ်လို့ ဆီးချိုရောဂါအပြင် နှလုံးရောဂါ (ဒါမှမဟုတ်) အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတစ်ခုခုပါ တွဲရှိနေရင်တော့ တအားအသက်အန္တရာယ်များသွားပါပြီ။ ခန္ဓာကိုယ်ကဗိုင်းရပ်စ်ပိုးကို ပြန်တိုက်ထုတ်နိုင်ဖို့ အင်အားမရှိသလောက်ဖြစ်သွားပါပြီ။

ဆီးချိုရောဂါရှိသူ ကိုဗစ်ကူးစက်ခံရရင် ဆီးချိုရောဂါရဲ့နောက်ဆက်တွဲပြဿနာတွေပိုကြုံတွေ့ရနိုင်ပါတယ်။ ဒီအထဲမှာအန္တရာယ်အများဆုံးက DKA (Diabetic ketoacidosis) ဖြစ်ပါတယ်။ အမျိုးအစား (၁) ဆီးချို ခံစားနေသူတွေမှာပိုအဖြစ်များပါတယ်။ DKA ဝင်လာရင်ကိုယ်ထဲမှာ ကီတုန်း (ketone) လို့ခေါ်တဲ့ အက်စစ်ဓာတ်တွေ မြင့်တက်လာပါတယ်။ ကီတုန်းဓာတ်တွေများလာရင် ကိုယ်တွင်းအရည်ဓာတ်နဲ့ သက်စောင့်ဓာတ်တွေ ကိုပုံမှန်အတိုင်းထိန်းညှိဖို့ခက်ခဲလာပြီး ဦးနှောက်နဲ့တခြားအစိတ်အပိုင်းတွေပါ တဖြည်းဖြည်းပျက်စီးကုန်ပါတော့ တယ်။

နောက်ထပ်ထည့်စဉ်းစားရမယ့်တစ်ချက်က ဗိုင်းရပ်စ်ပိုးကူးစက်ခံလိုက်ရင် ခန္ဓာကိုယ်ရဲ့အလိုအလျောက်တုန့်ပြန်မှု စနစ်ကအလုပ်လုပ်ပါတယ်။ တစ်ခါတလေမှာတော့ ဒီလိုအလိုအလျောက်တုံ့ပြန်မှုက ပုံမှန်ထက်ပိုကြမ်းကြမ်း တမ်းတမ်းအလုပ်လုပ်တဲ့အတွက် ပြဿနာပေါ်တတ်ပါတယ်။ ကိုယ်ထဲဝင်လာတဲ့ရောဂါပိုးကို ပြန်တိုက်ထုတ်ဖို့အတွက် သွေးထဲမှာဓာတုဓာတ်တွေ ပုံမှန်ထက်ပိုထွက်လာပြီး ဒီဓာတ်တွေကကိုယ်တွင်း ကလီစာတွေကို ရောင်ရမ်းစေပါတယ်။ ဒီလိုပုံမှန်မဟုတ်တဲ့တုန့်ပြန်မှုကို sepsis လို့ခေါ်ပါတယ်။

ဓာတုဓာတ်တွေကြောင့် သွေးကြောတွင်းသွေးခဲမှုတွေ ဆက်တိုက်ဖြစ်လာပြီး ကလီစာတွေ တဖြည်းဖြည်းပျက်စီးကုန်ပါတယ်။ ပြင်းထန်တဲ့လူနာတွေမှာ သွေးပေါင်ချိန် ရုတ်တရက်ထိုးကျပြီးရှော့ခ်ဖြစ် (Septic Shock) ကာသေဆုံးတတ်ပါတယ်။ Sepsis နဲ့ septic shock က ဆီးချိုရောဂါရှိတဲ့ကိုဗစ်လူနာတွေမှာ အစိုးရိမ်ရဆုံး နောက်ဆက်တွဲပြဿနာတွေလည်းဖြစ်ပါတယ်။

ကိုဗစ်ရောဂါက အသစ်ဖြစ်တဲ့အတွက် ရောဂါဆိုင်ရာအချက်အလက်တွေကို လေ့လာနေဆဲ ဖြစ်ပေမဲ့ အသက်ကြီးသူဖြစ်စေ ငယ်သူဖြစ်စေဆီးချိုရောဂါအခံရှိနေခဲ့ရင် တခြားသူတွေထက်ပိုပြီးရောဂါကို ဆိုးဆိုးရွားရွားခံစားရနိုင်တယ်လို့ အမေရိကန်ဗဟို ရောဂါထိန်းချုပ်ရေးအဖွဲ့ကြီး (CDC) ကထုတ်ပြန်ထားပါတယ်။ ဒီလိုတွေပြောလိုက်လို့ ဆီးချိုရောဂါရှိတဲ့သူတိုင်း ကိုဗစ်အကူးခံရရင် သေမယ်လို့တထစ်ချဆိုလိုတာ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုဆီးချိုရောဂါရှိမှန်းသိတယ်၊ အစားအသောက်အနေအထိုင်ဆင်ခြင်ပြီး ဆေးသောက်သင့်တာသောက်၊ အင်ဆူလင်ထိုးသင့်တာထိုးပြီး စည်းကမ်းရှိရှိနေထိုင်ရင် ဆီးချိုရောဂါကို ထိန်းနိုင်သွားပါတယ်။ ဆီးချိုရောဂါကို ကောင်းကောင်းထိန်းနိုင် (control လုပ်နိုင်) ရင်အပေါ်မှာပြောခဲ့တဲ့ နောက်ဆက်တွဲပြဿနာတွေအဖြစ်နည်းသွားပါလိမ့်မယ်။ ဒါဆိုကိုဗစ်ရောဂါကြောင့် သေဆုံးနိုင်ခြေလည်းကျသွားနိုင်ပါတယ်။

ဆေးရုံ၊ဆေးခန်းတွေကို လွယ်လွယ်ကူကူသွားပြလို့မရတော့တဲ့ အခုလိုအချိန်မျိုးမှာ ဆီးချိုရောဂါကို ကောင်းကောင်းထိန်းနိုင်အောင်ကြိုးစားရတာ နည်းနည်းတော့ခက်ခဲမှာပါ။ ဒါပေမဲ့ နည်းပညာတိုးတက်မှုရဲ့ ကောင်းကျိုးကြောင့် ခုချိန်မှာအင်တာနက်ကနေ ကျန်းမာရေးဆောင်းပါးတွေအလွယ်တကူ ရှာဖွေဖတ်ရှု နေနိုင်ပါပြီ။ ရောဂါအခြေအနေကိုသေချာသိချင်လို့ဆရာဝန်နဲ့ ပြသဖို့အတွက်လည်း tele consultation service တွေအပြိုင်အဆိုင်ထွက်ပေါ်လာပြီဖြစ်ပါတယ်။ လူနာတွေအနေနဲ့လည်း နည်းပညာတိုးတက်မှုအကျိုးကျေးဇူး တွေကိုသုံးပြီး အခုလိုအချိန်မှာကိုယ့်ကျန်းမာရေးကို အတတ်နိုင်ဆုံးဂရုစိုက်ကြဖို့ မှာချင်ပါတယ်။

Dr. Htoo Tint

Crd hellosayarwon

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ကျန်းမာရေး
ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ

ကျောက်ကပ်ရောဂါဟာ ဆီးချိုရောဂါကို ခံစားနေရသူတွေအတွက် အဆိုးဆုံးကြုံနိုင်တဲ့ နောက်ဆက်တွဲပြဿနာ ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါခံစားနေရသူများဟာလည်း ဆီးချိုကြောင့် ဖြစ်တတ်တာ များပါတယ်။ ဆီးချိုနဲ့ ဆက်နွယ်နေတဲ့ အခြားပြဿနာတွေလိုပဲ ရောဂါစတင်ခြင်းရဲ့ ကနဦးလက္ခဏာကို အနည်းငယ်လောက်ပဲ ပြပါတယ်။ လက္ခဏာစပြပြီးချိန်ကနေ ကျောက်ကပ်ကိုထိခိုက်တဲ့ အခြေအနေအထိ ဆယ်နှစ်လောက်လည်း ကြာနိုင်ပါတယ်။ ကျောက်ကပ်ထိခိုက်ခြင်းလက္ခဏာများ များသောအားဖြင့် ကျောက်ကပ်အလုပ်ကောင်းကောင်းလုပ်နေသမျှလက္ခဏာမပြတတ်ပါဘူး။ ကျောက်ကပ်ကို ထိခိုက်လာချိန်မှာ ပေါ်လာနိုင်တဲ့ လက္ခဏာတွေကတော့ – အရည်များစုခြင်း – ခြေဖမိုး၊ ခြေကျင်းဝတ်၊ ခြေထောက်များ ဖောရောင်ခြင်း – အစားအသောက်ပျက်ခြင်း – အချိန်တိုင်းလိုလို မောပန်းအားနည်းသလို ခံစားရခြင်း – မကြာခဏခေါင်းကိုက်ခြင်း – အစာအိမ်အောင့်ခြင်း – ပျို့ခြင်း၊ အန်ခြင်း – အိပ်မပျော်ခြင်း – အာရုံစိုက်ရန်ခက်ခဲခြင်း …

ကျန်းမာရေး
ပျဉ်းမဖြူ နှင့် ကင်ဆာမျိုးစုံ

ပျဉ်းမဖြူ နှင့် ကင်ဆာမျိုးစုံ ****************^****************** သားအိမ် ကင်ဆာ ၊အူမကြီးကင်ဆာ၊ အသည်းကင်ဆာ ၊စသည့်ကင်ဆာမျိုးစုံ၊ လေးဘက်နာ၊လေဖြတ်လေငန်းရောဂါ၊ အစရှိသည့်ရောဂါဝေဒနာများအတွက် ပျဉ်းမဖြူ အမြစ် ————————- ✔ ပျဉ်းမဖြူ မြစ်ကို ဆန်ဆေးရေနဲ့သွေးသောက်ရုံပါ၊ တစ်ရက်( ၂)ကြိမ် ဟင်းစားဇွန်း တစ်ဇွန်းစာ ရောဂါဝေဒနာပျောက်ကင်းသည်ထိသောက်ပေးပါ။ ➳ မည်သည့်ဆေးမြစ်/ခေါက်ကိုမဆို သန့်စင်ဆေးကြောပြီးရေနွေးဆူဆူမှာ (၁၅)မိနစ်ခန့်ပြုတ်၍ဖြစ်စေ ပေါင်းအိုးထဲထည့်ပေါင်း၍ဖြစ်စေ ပိုးသတ်ပြီးမှ အသုံးပြုသင့်ပါသည်။ {တစ်နည်း} ✔ အသည်းကင်ဆာ သမားများ ပျဉ်းမဖြူ အခေါက်နှင့် နလင်ကျော် နှစ်မျိုးကို ဆန်ဆေးရေနှင့် သွေးပြီးတစ်ရက်နှစ်ကြိမ် ဟင်းစားဇွန်း တစ်ဇွန်းစာဝေဒနာသက်သာသည်ထိ နေ့စဉ်သောက်ပေးပါ။ ✔ လေဖြတ်သူများ လိမ်းလည်းလိမ်း သောက်လည်းသောက်ပါ။ ✔ ဒူးနာ ခါးနာ …

ကျန်းမာရေး
ဆီးချိုရှိလည်း အသက်ရှည်ရှည်နေလို့ရမယ့် လျှို့ဝှက်ချက်

ဆီးချိုရောဂါဆိုတာ လူကြီးတွေရော ၄၀ ပတ်ဝန်းကျင်လူလတ်ပိုင်းတွေမှာပါ အဖြစ်အများဆုံး ရောဂါတွေထဲက တစ်မျိုးပါ။ နေထိုင်စားသောက်မှု ပုံစံ မှားယွင်းတာအပြင် မွေးရာပါ အားနည်းချက်၊ မိဘမျိုးရိုး လိုက်တာ စတဲ့အချက်တွေကြောင့် ဆီးချိုရောဂါ ဖြစ်လာနိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဆီးချိုရောဂါသည် ဆေးနဲ့သာ ထိန်းချုပ်ထားလို့ရပြီး လုံးဝမပျောက်တဲ့ နာတာရှည်ရောဂါ အမျိုးအစားဖြစ်လို့ တော်တော်များများက ဆီးချိုဖြစ်ပြီဆိုရင် အလွန်စိတ်ဓာတ်ကျပါတယ်။ ဒီနေရာမှာ ပြောပြချင်တာကတော့ ရောဂါရှိနေတဲ့တိုင်အောင် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို သေချာလေး ပြင်ဆင်မယ်ဆိုရင် သာမန်လူတစ်ယောက်လိုပဲ ကျန်းမာအသက်ရှည်စွာ နေထိုင်သွားနိုင်မှာပါ။ ဒါဆို ဘာတွေ ပြင်ဆင်ဖို့လိုမလဲ အရင်ဆုံး စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ပါ။ ရောဂါကို မဖြစ်ခင်က ကြိုတင်ကာကွယ်လို့ ရသလို ဖြစ်ပြီးသွားရင်လည်း နောက်ပြန်ဆုတ်လို့ …