ဒါတွေကြောင့် အူမကြီးကင်ဆာ ဖြစ်တတ်ပါတယ်။

ကျန်းမာရေး

အူမကြီးကင်ဆာက အဖြစ်များတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ ကမ္ဘာမှာရော မြန်မာမှာပါ အဖြစ်များပါတယ်။ ဘာတွေကြောင့် ဖြစ်တာလဲ။ ဘယ်သူတွေ ပိုဖြစ်နိုင်လဲဆိုတာ သိထားသင့်ပါတယ်။ ကိုယ်နဲ့ ကိုက်ညီတဲ့ အချက်ရှိရင် စောစောစီးစီး ဆင်ခြင်နိုင်အောင်ပါ။

အူမကြီးက ဝမ်းဗိုက်ရဲ့ နေရာတော်တော်များများကို ယူထားပါတယ်။ ဝမ်းဗိုက်ရဲ့ ညာဘက် အောက်ပိုင်းကနေ အပေါ်ကိုတက်တာတယ်။ ပြီးတော့ ချက်အပေါ်နားကနေ ဘယ်ဘက်ကို ကန့်လန့်ဖြတ်သွားတယ်။ ပြီးတော့ဝမ်းဗိုက်ရဲ့ ဘယ်ဘက်အောက်ပိုင်းကို ဆင်းသွားတယ်။ နောက်ဆုံးမှာ အနောက်ထဲကို ဝင်ပြီး မစင်အိမ်နဲ့ သွားဆက်ပါတယ်။

ဒါကြောင့် အူမကြီးက တော်တော်ရှည်ပါတယ်။ မစင်အိမ်ပါအပါ ဒီအူမကြီးတစ်လျှောက် ဘယ်နေရာမှာမဆို ကင်ဆာဖြစ်နိုင်ခြေရှိတဲ့အတွက် သတိထားဖို့ လိုပါတယ်။

ဘယ်လိုအချက်တွေကြောင့် ကင်ဆာဖြစ်ရတာလဲ။

ကင်ဆာတွေရဲ့ သဘာဝအတိုင်း ဆဲလ်ပွားတာ ပုံမှန်မဟုတ်ရာက စပြီး ကင်ဆာဖြစ်လာတာပါ။ ဘာကြောင့် ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ပွားနေရသလဲဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။

ဘယ်သူတွေ ဖြစ်နိုင်သလဲ။

ဘာကြောင့်ဖြစ်တာလဲဆိုတာ မသိပေမယ့် အောက်က အချက်တွေရှိရင် အူမကြီးကင်ဆာဖြစ်နိုင်ခြေ များပါတယ်။

  • အသက်

အသက် ကြီးလေလေ အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေများလေလေပါပဲ။ အထူးသဖြင့် အသက် ၅၀ကျော်လာရင်ပါ။ အရင်ကတော့ အသက်ကြီးတဲ့သူတွေမှာပဲ အဓိကတွေ့ရပြီး ခုနောက်ပိုင်း စားသောက်နေထိုင်မှုတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အူမကြီး ကင်ဆာ ဖြစ်တဲ့သူတွေ များလာပါပြီ။ အူမကြီးကင်ဆာ မျိုးရိုးရှီရင်လည်း အသက်ငယ်ငယ်နဲ့ ဖြစ်နိုင်ပါတယ်။

  • အူမကြီး အသားပို ရှိတဲ့သူတွေ

အသားပိုရှိတိုင်းတော့ ကင်ဆာ မဖြစ်ပါဘူး။ ဒါပေမယ့် အသားပိုက ၁စင်တီမီတာထက် ကြီးတဲ့အခါ၊ ၃ခုထက်များတဲ့အခါ၊ အသားပိုကို စစ်ဆေးကြည့်လိုက်လို့ ပုံမမှန်တဲ့ ဆဲလ်တွေပါနေတဲ့အခါ ကင်ဆာဖြစ်နိုင်ခြေက တက်လာပါတယ်။

  • အူမကြီးရောင်ရမ်းတဲ့ ရောဂါရှိနေတာ

နာတာရှည် အူမကြီး ရောင်ရမ်းတဲ့ ရောဂါ (Crohn’s diseaseတို့ ulcerative colitisတို့) ရှိတဲ့အခါ ကင်ဆာဖြစ်နိုင်ခြေက ပိုများလာပါတယ်။ နာတာရှည်ရောင်ရမ်းနေတဲ့အတွက် အူမကြီးက ဆဲလ်တွေ ပျက်စီးကုန်လို့ပါ။ ဒါကြောင့် ဒီလိုရောဂါအခံတွေ ရှိရင် အူမကြီးကင်ဆာ ပုံမှန်စစ်ဆေးသင့်ပါတယ်။

  • မိသားစုမျိုးရိုးရှိတာ

မိသားစုထဲမှာ အူအသားပို ဒါမှမဟုတ် အူမကြီးကင်ဆာ မျိုးရိုးရှိရင် ကိုယ့်မှာ ဖြစ်နိုင်ခြေလည်း များလာပါတယ်။ အသက်ငယ်ငယ်နဲ့လည်း ဖြစ်နိုင်ပါတယ်။ လေ့လာချက်တွေအရ အူမကြီးကင်ဆာဖြစ်တဲ့သူ ၃ယောက်မှာ ၁ယောက်က မျိုးရိုးရှိနေပါတယ်။

  • မျိုးဗီဇရောဂါများ

Lynch syndromeတို့ familial  adenomatous polyposisတို့လို မျိုးဗီဇရောဂါရှိတဲ့ သူတွေမှာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်တဲ့။

  • ဆီးချိုရောဂါ

အမျိုးအစား ၂ဆီးချိုရောဂါရှိတဲ့သူတွေက ပိုပြီး သတိထားသင့်ပါတယ်။ တိုက်ရိုက်ဖြစ်စေတာ မဟုတ်ပေမယ့် ဖြစ်စေတဲ့ အကြောင်းရင်းတွေ (ဥပမာ အဝလွန်တာ၊ အဆီအစိမ့်တွေ စားတာ) တူနေတာကြောင့် ဆီးချိုရောဂါရှင်တွေက ကင်ဆာဖြစ်နိုင်ခြေ ပိုများလာရတာပါ။

  • အဝလွန်တာ

အဝလွန်တာက အူမကြီးကင်ဆာ အပါအဝင် တခြားကင်ဆာတွေ၊ တခြားရောဂါတွေကိုပါ ဖိတ်ခေါ်နေသလိုပါပဲ။

  • လှုပ်လှုပ်ရှားရှားမနေတာ

လှုပ်လှုပ်ရှားရှား မနေဘူးဆိုရင် အဝလွန်လာပြီး အူမကြီးကင်ဆာဖြစ်နိုင်ခြေလည်း တက်လာမှာပါ။

  • စားသောက်မှုပုံစံ

အနီရောင်အသားတွေ၊ ပြုပြင်ထားတဲ့၊ ကြာရှည်ခံအောင် လုပ်ထားတဲ့ အသားတွေက ကင်ဆာဖြစ်နှုန်းကို များစေပါတယ်။ မီးပြင်းပြင်းချက်ထားတဲ့ အကြော်အလှော်တွေ၊ အကင်တွေကလည်း ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ ထွက်စေတယ်ဆိုပေမယ့် ထပ်ပြီးလေ့လာဖို့ လိုပါသေးတယ်။ ဗီတာမင် ဒီချို့တဲ့ရင်လည်း ကင်ဆာဖြစ်နိုင်ခြေများတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် လတ်ဆတ်တဲ့ အသီးအရွက်တွေ များများစားပြီး ပြုပြင်ထားတာတွေ၊ ချိုလွန်းတာတွေ လျှော့စားသင့်ပါတယ်။ အနီရောင်အသားကို အလွန်အကျွံစားတာမျိုးလည်း ရှောင်သင့်ပါတယ်။

  • ဆေးလိပ်

တခြားကင်ဆာတွေလိုပဲ အူမကြီးကင်ဆာက ဆေးလိပ်သောက်ရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။

  • အရက်

တတ်နိုင်ရင်တော့ မသောက်တာ ပိုကောင်းပါတယ်။ အထူးသဖြင့် မျိုးရိုးရှိတဲ့သူတွေပါ။ ဆေးဖြစ်ဝါးဖြစ်သောက်တာကတောင် ဖြစ်နိုင်ခြေကို များစေလို့ပါ။

ဒါဆိုရင် ကိုယ့်မှာ ကိုက်တဲ့ အချက်တွေ ဘယ်နှချက်များ ရှိနေပြီလဲ။ ဒီအချက်တွေ ရှိတိုင်းလည်း ကင်ဆာ ဖြစ်ကို ဖြစ်မှာ မဟုတ်ပေမယ့် အူမကြီးကင်ဆာအပါအဝင် တခြားရောဂါတွေအတွက်လည်း မကောင်းတဲ့ အကျင့်တွ ဖြစ်တာကြောင့် စောစောစီးစီး ပြင်ဆင်နိုင်လေ ကောင်းလေပါပဲ။

Crd

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ကျန်းမာရေး
ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ဆီးချိုက အမျိုးအစား တစ်ခုမကပါဘူး။ ဒီ ဆီးချို အမျိုးအစားထဲမှာမှ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ဒီဆောင်းပါးလေးကနေ ပြောပြပေးသွားပါမယ်။ ကိုယ်ဝန်ဆောင် ဆီးချို ကိုယ်ဝန်ဆောင်ချိန်က စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်ပါ။ ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးတဲ့အခါ ရင်သွေးလေးကို လူ့လောကထဲကို ခေါ်ဆောင်နိုင်မှာလေ။ ကိုယ်ဝန်ဆောင်ချိန်က ပျော်စရာ အကောင်းဆုံး အချိန်ဆိုလည်း မမှားပါဘူး။ ကိုယ်ဝန်ဆောင်ချိန်က ပျော်စရာတွေပဲလားဆိုတော့ မဟုတ်သေးပါဘူး ပင်ပန်းမှုတွေ ရင်ဆိုင်ရနိုင်သလို ကျန်းမာရေးပြဿနာတွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ​ကြောင့် ကိုယ်ဝန်ဆောင်ချိန်က သေချာ ဂရုစိုက်သင့်တဲ့ ကာလပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အထူး ဂရုစိုက်သင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခုက ကိုယ်ဝန်ဆောင် ဆီးချိုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချို ခံစားရမယ်ဆိုရင်မိခင်ရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် …

ကျန်းမာရေး
ဆီးချိုရှိသူတွေကို ကိုယ်ခံအား မြှင့်တင်ပေးမယ့် စားစရာတွေ

ဆီးချိုရှိသူတွေက ကျန်းမာသူတွေထက် ကိုယ်ခံအား နည်းနေတတ်ပြီး ရောဂါတွေ အလွယ်တကူ ဝင်ရောက်ကူးစက်ခံရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆီးချိုရှိသူတွေအနေနဲ့ ကိုယ်ခံအား ကောင်းအောင် ဘယ်လို စားသောက်နေထိုင်ရမလဲဆိုတာကို ပြောပြပေးမယ်နော်။ ဆီးချိုရှိသူတွေ ကိုယ်ခံအား ကောင်းစေဖို့ ဆီးချိုရောဂါ ခံစားနေရသူတွေ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ကုလားပဲ ကုလားပဲမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ပရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် D၊ ဗီတာမင် E၊ ဇင့်၊ သံဓာတ်၊ ဆီလီနီယမ်တို့ ပါဝင်နေပါတယ်။ ဇင့်က နှလုံးကျန်းမာစေသလို သွေးတွင်းသကြားဓာတ် မြင့်တက်တာကြောင့် နှလုံး ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ် ပါဝင်မှုက အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေသလို သွေးတွင်းသ​ကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ အင်ဆူလင် တုံ့ပြန်နိုင်စွမ်း ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ပင်လယ်ငါး ပင်လယ်ငါးတွေ …

ကျန်းမာရေး
ဆီးချိုဝေဒနာရှင်တွေကို အထူးအန္တရာယ်ပေးနေတဲ့ကိုဗစ်

လတ်တလော ကိုဗစ်ရောဂါကြောင့်သေဆုံးသွားသူ အားလုံးလိုလိုမှာဆီးချိုရောဂါရှိနေတာကို တွေ့ရမှာပါ။ ဆီးချိုရောဂါအခံရောဂါရှိသူတွေဟာ ကိုဗစ်ဒဏ်ကို ဘာကြောင့်ပိုခံရသလဲဆိုတာ ပြောပြပေးချင်ပါတယ်။ သွေးလေးဖက်နာရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါလို နာတာရှည်ရောဂါတစ်ခုခုရှိနေရင် ကိုဗစ်ရောဂါက ပိုဒုက္ခပေးနိုင်တာကို အတော်များများသိကြပြီးဖြစ်မှာပါ။ ဒါဟာအဓိကအားဖြင့် ဆီးချိုရောဂါရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုနဲ့သက်ဆိုင်ပါတယ်။ ဆီးချိုရောဂါရှင်တွေက ဆီးချိုမရှိတဲ့သူတွေလောက် ကိုယ်ခံအား မကောင်းပါတဲ့အတွက် ပြင်ပရောဂါတွေဝင်ရောက်လာမှာတဲ့အခါ ခံနိုင်ရည်သိပ်မရှိသလို ရောဂါကိုလည်းပြန်မတိုက်ထုတ်နိုင်ပါဘူး။ ဒါ့ကြောင့် ဆီးချိုမရှိသူတွေနဲ့ယှဉ်ရင် ကိုဗစ်လက္ခဏာတွေ ပိုဆိုးဆိုးရွားရွားခံစားရပြီး နောက်ဆက်တွဲပြဿနာတွေပိုဝင်လာတာဖြစ်ပါတယ်။ တကယ်လို့ ဆီးချိုရောဂါအပြင် နှလုံးရောဂါ (ဒါမှမဟုတ်) အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတစ်ခုခုပါ တွဲရှိနေရင်တော့ တအားအသက်အန္တရာယ်များသွားပါပြီ။ ခန္ဓာကိုယ်ကဗိုင်းရပ်စ်ပိုးကို ပြန်တိုက်ထုတ်နိုင်ဖို့ အင်အားမရှိသလောက်ဖြစ်သွားပါပြီ။ ဆီးချိုရောဂါရှိသူ ကိုဗစ်ကူးစက်ခံရရင် ဆီးချိုရောဂါရဲ့နောက်ဆက်တွဲပြဿနာတွေပိုကြုံတွေ့ရနိုင်ပါတယ်။ ဒီအထဲမှာအန္တရာယ်အများဆုံးက DKA (Diabetic ketoacidosis) ဖြစ်ပါတယ်။ အမျိုးအစား (၁) ဆီးချို ခံစားနေသူတွေမှာပိုအဖြစ်များပါတယ်။ DKA ဝင်လာရင်ကိုယ်ထဲမှာ ကီတုန်း (ketone) လို့ခေါ်တဲ့ အက်စစ်ဓာတ်တွေ မြင့်တက်လာပါတယ်။ …