ဒံပေါက်ချက်နည်း

ချက်မယ်၊ စားမယ်

ဒံပေါက်ချက်နည်း

***************************

၁။ ကြက်သားဟင်း

၂။ ထမင်း

၃။ ဥနီ,ပဲစိမ်း,သီဟိုစေ့,စပျစ်စေ့,ဆီချက်,အရောင်

ဒါလေး ၃ ခုသာ လုပ်ဖို့ လိုပါတယ်။
_____________________________________________

၁။ ကြက်သားဟင်း ချက်ရန်

*******************************

ဒယ်အိုးထဲကို ကြက်သွန်နီ ဆီသတ်ဆီ,ဂီးထောပတ်ရည် ဆတူ ထည့်၍ ဆီဆူလာလျှင် နှပ်ထားသောကြက်သား နှင့် ဆီချက်ဖပ်ကို ထည့်လုံးပါ။ ကြက်သားကို 90% နူးအောင်ချက်၍ အဖုံးအုပ်ထားပါ။

၂။ ထမင်းချက်ရန်

**********************

ထမင်းပေါင်းအိုးနဲ့ ချက်လျှင်

– ဆား နဲ့ သကြားထည့်ပါ။

– လေးညှင်း,ဖာလာ,သစ်ဂျပိုး,ကရဝေးရွက် ရေဆေးပီး အားလုံး တခါတည်း ရောထည့်၍ ချက်လိုက်ပါ။

ထမင်းအိုး နွှေးခလုတ်တက်သွားတာနဲ့ တပြိုင်နက် ကြက်သားဟင်းပေါ် ထမင်းတွေသွန်ချလိုက်ပါ။ ( သို့မဟုတ် ) ထမင်း ရေငှဲ့ချက်လျှင် ရေထဲကို ဆန်ထည့်ပီး ဆား နဲ့ သကြားထည့်ပါ။ လေးညှင်း,ဖာလာ,သစ်ဂျပိုး,ကရဝေးရွက် ရေဆေးပီး အားလုံး တခါတည်း ရောထည့်လိုက်ပါ။ ထမင်း ၈၀% ခန့်ကျက်ရင် ဇကာနဲ့ရေစစ်ပီး ကြက်သားဟင်းပေါ် ထမင်းတွေသွန်ချလိုက်ပါ။

၃။ မုန်လာဥနီ,ပဲစိမ်း,သီဟိုစေ့,စပျစ်စေ့,ဆီချက်,အရောင်ထည့်ရန်

******************************************************************

ဥနီ,ပဲစိမ်း,သီဟိုစေ့,စပျစ်စေ့,ဆီချက်,အရောင်တို့ကို ထမင်းပေါ် တင်အုပ်လိုက်ပီး ထောပတ်ဆီ ဇွန်းကြီးတစ်ဇွန်းထည့်၍ အဖုံးပြန်အုပ်ထားလိုက်ပီး မီးအေးအေးနဲ့ ၃၅ မိနစ်ခန့် မီးဖိုပေါ်တင်နှပ်ထားပီးရင်တော့ အလွယ်ဆုံးနဲ့ အရသာအရှိဆုံး ဒံပေါက်ထမင်းကို စားသုံးနိုင်ပါပြီ။

___________________________________________

ပြင်ဆင်ထားရန်

********************
ကြက်သားကို အချိုမှုန့်,ဆား ,ဂျင်းထောင်း, ကြက်သွန်ဖြူထောင်း, ဒံပေါက်မဆလာ, ဆနွင်း,အရောင်တင်မှုန့် , ဒိန်ချဉ် အားလုံးထည့်နယ်၍ ရေခဲသေတ္တာထဲ တစ်ည နှပ်ထားပါ။ အချိန်မရလျှင် တစ်နာရီနှပ်ထားပါ။
ကြက်သွန်နီ ဆီသတ်ထားပီး ဆီချက်ဖက်တွေကို ဆား,သကြား,အချိုမှုန့် ,ဒံပေါက်မဆလာ နဲ့နယ်ထားပါ။ အရောင် မန်ကျည်းစေ့ခန့်ကို ရေနဲနဲရောထားပါ။ များလွန်းရင် အရောင်တောက်တောက်ကြီးဖြစ်သွားပါတယ်။

____________________________________________

ဘာစမာတီ ( သို့ ) ပေါ်ဆန်းမွှေးနဲ့ ချက်ပါ။

ဘာစမာတီ ကတော့ ဆန်သားပိုလှပါတယ်။

အချို့က ဆီချက်ဖပ်ကို အရသာမနယ်ပါဘူး။

ကျမကတော့ အရသာနယ်ပါတယ်။

ဒါမှ အနှစ်လေးတွေစားတဲ့အခါ အရသာရှိနေမှာပါ။

ဂီးထောပတ်,ဒံပေါက်မဆလာ,ပဲစိမ်း,စပျစ်စေ့,သီဟိုရ်စေ့,အရောင်အားလုံး City Mart မှာဝယ်လို့ရပါတယ်….

အားလုံးပဲ အလွယ်တကူ ချက်စားလို့ ရကြပါစေ….

_____________________________________________

ဒီ့ထက်လွယ်တဲ့ ဒံပေါက်ချက်နည်း မရှိတော့ပါဘူး…

အရင်တင်တဲ့ ဒံပေါက်ချက်နည်းကို နည်းနည်းခက်တယ်လို့ ထင်ကြသူများအတွက်နဲ့ ချက်စားဖို့ အဆင့်ဆင့် မလုပ်နိုင်သူများအတွက်ပါ။

ဒီနည်းက အကောင်းဆုံးပါပဲ။ ဆန်သားပျော့မှာ, မာမှာ မပူပင်ရတော့ပါဘူး။

နောက်ဆုံးကျတော့လည်း အရသာ အတူတူပဲမို့ အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။

အားလုံးပဲ အလွယ်ကူဆုံး အရိုးရှင်းဆုံး အိမ်မှာပဲ ချက်စားနိုင်ပီလို့ ထင်ပါတယ်။

Credit

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

IT နည်းပညာ
Facebook အကောင့် Password မေ့နေတာကို Logout လုပ်စရာမလိုဘဲ ပြန်ယူနည်း

Facebook အကောင့် Password မေ့နေတာကို Logout လုပ်စရာမလိုဘဲ ပြန်ယူနည်း အကြောင်းအမျိုးမျိုးကြောင့် Facebook Password မေ့နေတဲ့အခါ ကိုယ့်ရဲ့ Facebook Account ကို Logout လည်းမလုပ်ရဲ Password အသစ်လည်းချိန်မတက်သူများအတွက်နည်းလမ်းလေးကိုမျှဝေပေးလိုက်ပါ။ အခုပြထားပေးတဲ့နည်းလမ်းလေးကတော့ Facebook မှာ Password မေ့နေတာကို Logout မလုပ်ဘဲ Password ချိန်းလို့ရမယ့်နည်းလမ်းလေးဘဲဖြစ်ပါတယ်။ အသုံးလိုပြီးစိတ်ဝင်စားသူများလေ့လာနိုင်အောင် ပုံလေးတွေနဲ့ပြသပေးထားပါတယ်။ အားလုံးအဆင်ပြေပါစေ ။ Post Views: 979

IT နည်းပညာ
မိမိ Acc အား Log In ဝင်ထားသမျှနေရာအားလုံးမှ Log out လုပ်ခြင်း

မိမိ Acc အား အခြားဖုန်းများထံတွင် Log in ဝင်ရောက်ထားပါက ပြန်လည် Log out လုပ်ခြင်း မိမိရဲ့ Acc ကို ကိစ္စတစ်ခုခုကြောင့် တခြားသူတွေရဲ့ ဖုန်းထဲမှာ Log in ဝင်လိုက်မိပြီဆိုပါတော့ဗျာ … ကိုယ့်ကိစ္စလည်း ပြီးသွားရော Log out မလုပ်မိဘဲ ဒီအတိုင်း ပြန်လာလိုက်တယ်ပေါ့ အဲ့ဒီမှာဘဲ ကို Log in ဝင်ထားတဲ့ဖုန်းပိုင်ရှင်က ငြိမ်ငြိမ်မနေဘဲ ဟိုကြည့် ဒီကြည့် လုပ်တတ်တဲ့သူဆိုရင်တော့ ဂွမ်းပြီပေါ့ခင်ဗျာ … ဥပမာ – Admin ဖုံးထားသမျှ… ကြူထားသမျှ …ဘူးပေါ်သလို ပေါ်တာကိုးခင်ဗျ … သူ့ဖုန်းကို ပြန်တောင်းပြီး Log …

သိမှတ်ဖွယ်ရာ လေ့လာစရာ
ခြေလက်တို့ရဲ့ အလှတရား

ခြေလက်တို့ရဲ့ အလှတရားကလည်း အရမ်းအရေးပါတာပေါ့။ ခြေထောက်တွေ လက်တွေရဲ့ အလှတရားက ဘာဖြစ်မလဲ? ခြေထောက်တွေ လက်လေးတွေက မာကြောကြမ်းတမ်းနေတာတွေ၊ အသားမာတွေမရှိဘဲ နူးညံ့ချောမွေ့နေတာပဲပေါ့။ ခြေချောင်း လက်ချောင်းသွယ်သွယ်လေးတွေနဲ့ဆိုရင် အရမ်းလှတယ်ဆိုပေးမယ့် လုပ်ယူလို့မှမရတာနော်။ အဲဒီတော့ ရတဲ့နည်းလေးတွေနဲ့ ခြေထောက်တွေ လက်တွေရဲ့ အလှတရားကို ပုံဖော်ကြည့်ရအောင်။ Hands လက်တွေက အလုပ်ပေါင်းစုံလုပ်ရတယ်၊ ပစ္စည်းတွေအများကြီးနဲ့ ထိတွေ့ရတယ်။ အဲဒီတော့ အထူးသဖြင့် ခြောက်သွေ့တဲ့ အသားအရေရှိတဲ့သူတွေ၊ ရေကိုင်များတဲ့သူ ဆပ်ပြာတွေနဲ့ ထိတွေ့မှုများတဲ့သူတွေမှာ လက်ဖဝါးတွေ ကြမ်းတမ်းခြောက်သွေ့ နေတတ်တယ်လေ။ စိတ်ညစ်ရတာပေါ့နော့။ အဲဒီတော့ လက်လေးနူးညံ့ အိစက်နေအောင် လုပ်ရမယ့်နည်းလေးတွေကို ပြောပြပေးမယ်နော်။ – ရေကိုင်ရင်၊ ပန်ကန်ဆေး အဝတ်လျှော်ရင် ရာဘာလက်အိတ်စွပ်ထားပါ။ – နေ့ဘက်တွေမှာ …