ဘရိုက်တန်နဲ့ ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ မာတာကို ချီးကျူးခဲ့တဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား

သတင်း

မန်ချက်စတာယူနိုက်တက် အသင်းရဲ့နည်းပြ အိုလီဂန်နာဆိုးလ်ရှားဟာ ဘရိုင်တန်ကို ၃-၀ နဲ့ အနိုင်ယူပြီး ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဂျူအန်မာတာရဲ့ ခြေစွမ်းကို မအံ့သြမိကြောင်း ပြောခဲ့ပါတယ်။ ၃၂  နှစ်အရွယ် ကစားသမားဟာ အေမက်စ်ကွင်းမှာ ဗုဒ္ဒဟူးနေ့ညက ကစားခဲ့တဲ့ပွဲမှာ စကော့မက်တိုမီနေးရဲ့ အဖွင့်ဂိုးကိုလည်း ဖန်တီးပေးခဲ့သလို ဒုတိယပိုင်းမှာလည်း သူ့ရဲ့မန်ချက်စတာယူနိုက်တက် ကစားသမားဘ၀ ဂိုး ၅၀ ပြည့်ဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် ထိုပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။

လူစားဝင်လာတဲ့ ပေါလ်ပေါ့ဂ်ဘာက အနိုင်သေချာစေမယ့် တတိယမြောက် ဂိုးကိုသွင်းယူပေးခဲ့ပြီးနောက် ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ၃ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့တာလည်း ဖြစ်ပါတယ်။ နော်ဝေသားနည်းပြကြီးက မာတာရဲ့နေရာစုံ ရွေ့လျားကစားပုံကို ချီးကျူးခဲ့ပြီး ဒီပွဲဟာ ယူနိုက်တက်ရဲ့ ဒုတိယမြောက် ဂိုးမပေးရတဲ့လည်း ပွဲလည်း ဖြစ်လာခဲ့ပါတယ်။

ဆိုးလ်ရှားက “ဂျူအန်မာတာရဲ့ အရမ်းကောင်းတဲ့ ခြေစွမ်းကို မြင်တွေ့ခဲ့ရတယ်။ သူဘောလုံးရသွားတာနဲ့ ကျွန်တော်တို့ကို စိတ်အေးသွားစေတဲ့ သူမျိုးပါ။ အဖွင့်ဂိုးထက် ပိုကောင်းတဲ့ ဂိုးတွေကိုတောင် သူဖန်တီးပေးနိုင်ပါသေးတယ်။ သူဒီလို ကစားနိုင်တာကို ကျွန်တော်ကတော့ မအံ့သြမိပါဘူး။ သူက ဘောလုံးအကြောင်းကို တော်တော်လေး နောကျေနေတဲ့သူပါ။

ပထမပိုင်း မိနစ် ၂၀-၂၅ မိနစ်လောက်ကတည်းက ကျွန်တော်တို့ယုံကြည်ချက် ပြည့်ဝသွားတာပါ။ တည်ကန်ဘောတွေက တော်တော်လေး အလုပ်ဖြစ်လာတယ်။ ဂိုးလည်းမပေးခဲ့ရပါဘူး၊ ဒါက နောက်တန်းလေးယောက်အတွက်လည်း အရမ်း အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

လက်ရှိအပြောင်းအရွှေ့ကာလကို အောက်တိုဘာလထဲမှာ ပိတ်သိမ်းတော့မှာဖြစ်ပြီး ယူနိုက်တက် အနေနဲ့ နယ်သာလန် ကွင်းလယ်လူ ဒွန်နီဗန်ဒီဘိခ် တစ်ယောက်တည်းကိုသာ ခေါ်ယူထားနိုင်ပါသေးတယ်။ ဒေါ့မွန်က ဂျာဒန်ဆန်ချိုကိုလည်း ခေါ်ယူနိုင်ဖို့ ကြိုးစားနေသလို ဘာစီလိုနာက အူစမာနီဒမ်ဘီလီကိုလည်း အငှားနဲ့ခေါ်ယူနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။

ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဆိုးလ်ရှားက ဖြေဖို့ငြင်းဆန်ခဲ့ပေမယ့် အသင်းကို အင်အားကြီးမားလာစေမယ့် ပစ်မှတ်တွေကိုတော့ ရည်ရွယ်နေတယ်လို့ ပြောခဲ့ပါတယ်။

ဆိုးလ်ရှားက “ကျွန်တော်ဘာသတင်းမှတော့ မပေးနိုင်သေးပါဘူး။ ကျွန်တော်တို့လုပ်စရာ ရှိတာကို လုပ်နေပါတယ်။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေနဲ့ အသင်းရှိပြီးသားပါ။ စနေနေ့က ကစားသမား ၁၀ ယောက်ထိ ကျွန်တော်ပြောင်းလဲထားတယ် သတင်းတစ်ခုခုထူးတာနဲ့ အားလုံးကိုပြောပြမှာပါ။

အခြားအသင်းက ကစားသမားတွေအကြောင်းကိုလည်း မပြောချင်ဘူး။ အခြားအသင်းတွေကို ကြည့်ပြီတော့လည်း ကိုယ့်ကိုယ်ကိုယ် စိုးရိမ်နေစရာအကြောင်းလည်း မရှိပါဘူး။ အသင်းက ကောင်းကောင်းအလုပ်လုပ်နေသလို အင်အားကောင်းတဲ့ အသင်းဖြစ်တစ်ခု ဖြစ်လာနေပါပြီ။ တစ်ခါတစ်လေ ထင်မြင်ချက်တွေက ပေးချင်းသလို ပေးလို့မရပါဘူး” လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာမယ့် တနင်္ဂနွေနေ့ကျရင်တော့ နည်းပြဟောင်း မော်ရင်ဟိုရဲ့ တော့တင်ဟမ် အသင်းကို အိမ်ကွင်းကို ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီပွဲပြီးရင် နိုင်ငံတကာပွဲစဉ်တွေ အတွက် လိဂ်ကို ခဏရပ်ထားမှာ ဖြစ်ပါတယ်။

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

နိုင်ငံတကာသတင်း
၂၀၂၀ ရွေးကောက်ပွဲအတွက် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲစတင်ပေး

ပုံစာ- ဆိုးလ်မြို့ရှိ မြန်မာသံရုံးတွင် မဲလာပေးသူများအားတွေ့ရစဉ် (ဓာတ်ပုံ- ကိုရီးယားမဲဆန္ဒရှင်များ) ၂၀၂၀ ရွေးကောက်ပွဲအတွက် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲစတင်ပေးကို အောက်တိုဘာ၂ ရက်မှ စတင်နေပြီဖြစ်ကြောင်းသိရသည်။ တောင်ကိုရီးယားနိုင်ငံတွင် ကြိုတင်မဲပေးခြင်းကို အောက်တိုဘာ ၃ ရက်မှ ၁၂ ရက်အတွင်း သတ်မှတ်ထားသည့်ရက်များတွင် ဆိုးလ်မြို့ရှိ မြန်မာသံရုံးပထမထပ်၌ မဲရုံဖွင့်လှစ်ထားကြောင်းသိရသည်။ အဆိုပါ ကြိုတင်မဲပေးသည့် အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် ဆိုလ်းမြို့ရှိ မြန်မာသံရုံးသို့ ကြိုတင်မဲပေးရန် ရောက်ရှိလာသည့် မြန်မာ နိုင်ငံသားတစ်ထောင် ဝန်းကျင်ရှိကြောင်း တောင်ကိုရီးယားတွင် အလုပ်လုပ်ကိုင်နေသည့် ကိုစိုးမိုးသူက ပြောကြားသည်။ “သံရုံးရှေ့ကဘောလုံးကွင်းကြီးရှေ့မှာလူ‌တွေတန်းစီနေကြတယ်။ သံရုံးမှာ မဲထုတ်ပေးတဲ့ မဲကောင်တာက တစ်ခုပဲရှိတယ်။လူတစ်ယောက်ကို မဲထုတ်ပေးတဲ့ စစ်ဆေးတဲ့ အချိန်ကလည်း …

Covid-19 Update News
အင်းစိန်ရွာမကျောင်းတိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သံဃာနှင့် လူပုဂ္ဂိုလ် ၃၅၄ ဦး အထိမြင့်တက်

အင်းစိန်ရွာမကျောင်းတိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သံဃာနှင့် လူပုဂ္ဂိုလ် ၃၅၄ ဦး အထိမြင့်တက် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်က သံဃာတော် ၂၇၅ ပါးနှင့် လူပုဂ္ဂိုလ်လေးဦး စုစုပေါင်း ၂၇၉ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း ယနေ့ ထပ်မံတွေ့ရှိသဖြင့် ကျောင်းတိုက်တစ်ခုတည်းမှ ကူးစက်ခံရသူ စုစုပေါင်း ၃၅၄ ဦးရှိသွားပြီဖြစ်သည်။ ** အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ရှိ သံဃာများနှင့် လူပုဂ္ဂိုလ်အားလုံးကို ဓာတ်ခွဲနမူနာရယူစစ်ဆေးနေ*** ပရိယတ္တိစာပေသင်ကြားမှုနှင့်ပတ်သက်၍ ထင်ပေါ်ကျော်ကြားသော စာသင်တိုက်၏ စာချနာယကဆရာတော် အရှင်ဂန္ဓသာရာလင်္ကာရက ယနေ့ထပ်မံတွေ့ရှိမှုများနှင့်ပတ်သက်၍ မိန့်ကြားရာတွင် “ ကျန်းမာရေးဝန်ကြီးဌာန နှင့် တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်ပြီး ကုသပေးလျှက် ရှိပါတယ်။ မှော်ဘီ တဆက ( တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်ကျောင် ) မှာ ၉၁ ဦး …