အနံ့ပျောက်ရင် ဘာလုပ်ရမလဲ

ကျန်းမာရေး

ခုတလော အနံ့ မရတော့ဘူးဆိုရင် ကိုဗစ်ပဲဆိုပြီး စိုးရိမ်မှုတွေ အတော်လေး များနေကြပါတယ်။ ကိုယ်ပူတယ်၊ ခေါင်းကိုက်လိုက်တာ၊ ချောင်းဆိုးနေပြီဆိုရင် ရုတ်ရက် ဘာ လှမ်းမေးမိလဲ။ ဟဲ့…… အနံ့ ရသေးရဲ့လား ဆိုတာဟုတ်။

အင်း….. အနံ့ ရတယ်ဆိုရင်။ ဟယ် ကိုဗစ်မဟုတ်ပါဘူး။ ရိုးရိုး ဖျားတာနေမယ်။ အိပ်ရေးပျက်လို့ ခေါင်းကိုက်တာနေမယ်။ ဘာစားမိလို့တုန်း။ အချိုစာများ စားမိသေးလားဆိုတာနဲ့ အဆုံးသတ်သွားတယ်။ ခံစားနေရသူမှာလည်း စိတ်သက်သာရာကို ရလို့။

ကဲ… အခုတစ်ခေါက်တော့ အနံ့ပျောက်နေရင် ဘယ်လို လုပ်ရမလဲဆိုတဲ့ စမ်းသပ်နည်းလေး တစ်ခုကို ပြောပြပေးသွားမယ်နော်။

အနံ့ ပျောက်တာ ကိုဗစ် တစ်ခုတည်းကြောင့် မဟုတ်ပါ။
ကိုဗစ်ကြောင့် မဟုတ်ဘဲ ဒီအချက်တွေကြောင့်လည်း အနံ့ပျောက်နိုင်ပါတယ်။

ဖျားတာ
အသက်အရွယ်ကြီးလာတာ
အသက်ရှူလမ်းကြောင်း အထက်ပိုင်းပြဿနာရှိတာ
ဆေးလိပ်သောက်တာ
ဦးခေါင်းထိခိုက်မိတာ
ဟော်မုန်းပြဿနာ ရှိတာ
သွားနဲ့ခံတွင်း ပြဿနာရှိတာ
ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတာ
ဆေးဝါးတွေ
ဦးခေါင်းနဲ့လည်ပင်းကင်ဆာကြောင့် ဓာတ်ရောင်ခြည် ကုသမှု ခံယူနေတာ
အယ်လ်ဇိုင်းမားလိုမျိုး အာရုံကြောစနစ် ပြဿနာရှိနေတာတွေကြောင့် အနံ့မရတာမျိုး ဖြစ်နိုင်ပါတယ်။

အနံ့ပျောက်နေပြီလား ဘယ်လို စမ်းသပ်မလဲ။
အနံ့ရှူကြည့် မရရင် အနံ့ပျောက်နေတာလို့ မဖြေနဲ့ဦးနော်။ အပေါ်က အချက်တွေ ခံစားနေရရင်လည်း အနံ့ပျောက်နိုင်ပါတယ်။

အနံ့ရလားဆိုတာကို စမ်းသပ်ရမယ့် နည်းလမ်းလေးနာမည်ကတော့ ‘Jellybean test’ ပါ။

အရင်ဆုံး jellybean လေးကို လက်တစ်ဖက်ထဲ ထည့်လိုက်ပါ။ ပြီးရင် နောက်လက်တစ်ဖက်နဲ့ နှာခေါင်းကို ခပ်တင်းတင်းလေး ပိတ်ပါ။ လေဝင်မလာအောင်ပေါ့။ ပြီးရင် ဂျယ်လီစေ့လေးတွေကို ပါးစပ်ထဲထည့်လို့ စဝါးပါ။ နှာခေါင်း မဖွင့်နဲ့ဦးနော်။

စားရင် လျှာနဲ့ အရင် အရသာခံကြည့်ပါ။ ဂျယ်လီက ချိုတာကို သိတယ်ဆိုရင် သင်ရဲ့ အရသာခံ အာရုံ မထိခိုက်သေးပါဘူး။ ဒီလို ဝါးနေရင်း ရုတ်တရက် နှာခေါင်းကို ညှစ်ထားတာကို လွှတ်လိုက်ပါ။

ဒီအချိန်မှာ စားနေတဲ့ ဂျယ်လီစေ့လေးရဲ့ အနံ့ကို ခံစားပြီး စတော်ဘယ်ရီ အရသာပဲ။ စပျစ်အရသာပဲ။ သံပုရာ အရသာပဲ။ လိမ္မော် အရသာပဲဆိုပြီး ပြောနိုင်သေးတယ်ဆိုရင် သင် အနံ့ မပျောက်သေးပါဘူး။

တကယ်လို့ အိမ်မှာ ဂျယ်လီစေ့လေးတွေ အလွယ်တကူ မရှိခဲ့ရင်လည်း အခြား အရာတစ်ခုခုကို သုံးလို့ရပါတယ်။ အနံ့ပါတာမျိုးလေးတော့ ဖြစ်ဖို့ လိုတာပေါ့။ လိမ္မော်သီးခွံ၊ ရှောက်သီးခွံ၊ ရှောက်ရွက်၊ ကော်ဖီမှုန့် စတာတွေကို အသုံးပြုပေးလို့ ရပါတယ်။

အနံ့ မရတော့ဘူးဆိုရင် ဘာလုပ်ရမလဲ………….
တကယ်လို့ ဒီလို စမ်းသပ်တဲ့အခါ အနံ့မရဘူး ဖြစ်နေမယ်ဆိုရင်တော့ ကိုဗစ်ရဲ့ အခြား လက္ခဏာတွေ ဖြစ်ကြတဲ့ ခေါင်းကိုက်တာ၊ ကိုယ်ပူတာ၊ ချောင်းဆိုးတာလိုမျိုး အခြား လက္ခဏာတွေ ရှိနေလားဆိုတာကို ဆန်းစစ်ကြည့်ပါ။

ဒီလက္ခဏာတွေ ရှိနေမယ်ဆိုရင်တော့ နေအိမ်မှာပဲ နေပါ။ မဖြစ်မနေသွားစရာရှိမယ်ဆိုရင် မတ်ခ်တပ်ပါ။ ကိုဗစ် စစ်ဆေးဖို့အတွက် Swab ( နှာခေါင်းနဲ့အာခေါင်တို့ဖတ် ) ရယူဖို့ နီးစပ်ရာ ဖျားနာကုဆေးခန်း ဒါမှမဟုတ် ဆေးရုံကို သွားပါ။ ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာပါ။

Crd

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ကျန်းမာရေး
ဆီးချိုဝေဒနာရှင်တွေကို အထူးအန္တရာယ်ပေးနေတဲ့ကိုဗစ်

လတ်တလော ကိုဗစ်ရောဂါကြောင့်သေဆုံးသွားသူ အားလုံးလိုလိုမှာဆီးချိုရောဂါရှိနေတာကို တွေ့ရမှာပါ။ ဆီးချိုရောဂါအခံရောဂါရှိသူတွေဟာ ကိုဗစ်ဒဏ်ကို ဘာကြောင့်ပိုခံရသလဲဆိုတာ ပြောပြပေးချင်ပါတယ်။ သွေးလေးဖက်နာရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါလို နာတာရှည်ရောဂါတစ်ခုခုရှိနေရင် ကိုဗစ်ရောဂါက ပိုဒုက္ခပေးနိုင်တာကို အတော်များများသိကြပြီးဖြစ်မှာပါ။ ဒါဟာအဓိကအားဖြင့် ဆီးချိုရောဂါရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုနဲ့သက်ဆိုင်ပါတယ်။ ဆီးချိုရောဂါရှင်တွေက ဆီးချိုမရှိတဲ့သူတွေလောက် ကိုယ်ခံအား မကောင်းပါတဲ့အတွက် ပြင်ပရောဂါတွေဝင်ရောက်လာမှာတဲ့အခါ ခံနိုင်ရည်သိပ်မရှိသလို ရောဂါကိုလည်းပြန်မတိုက်ထုတ်နိုင်ပါဘူး။ ဒါ့ကြောင့် ဆီးချိုမရှိသူတွေနဲ့ယှဉ်ရင် ကိုဗစ်လက္ခဏာတွေ ပိုဆိုးဆိုးရွားရွားခံစားရပြီး နောက်ဆက်တွဲပြဿနာတွေပိုဝင်လာတာဖြစ်ပါတယ်။ တကယ်လို့ ဆီးချိုရောဂါအပြင် နှလုံးရောဂါ (ဒါမှမဟုတ်) အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတစ်ခုခုပါ တွဲရှိနေရင်တော့ တအားအသက်အန္တရာယ်များသွားပါပြီ။ ခန္ဓာကိုယ်ကဗိုင်းရပ်စ်ပိုးကို ပြန်တိုက်ထုတ်နိုင်ဖို့ အင်အားမရှိသလောက်ဖြစ်သွားပါပြီ။ ဆီးချိုရောဂါရှိသူ ကိုဗစ်ကူးစက်ခံရရင် ဆီးချိုရောဂါရဲ့နောက်ဆက်တွဲပြဿနာတွေပိုကြုံတွေ့ရနိုင်ပါတယ်။ ဒီအထဲမှာအန္တရာယ်အများဆုံးက DKA (Diabetic ketoacidosis) ဖြစ်ပါတယ်။ အမျိုးအစား (၁) ဆီးချို ခံစားနေသူတွေမှာပိုအဖြစ်များပါတယ်။ DKA ဝင်လာရင်ကိုယ်ထဲမှာ ကီတုန်း (ketone) လို့ခေါ်တဲ့ အက်စစ်ဓာတ်တွေ မြင့်တက်လာပါတယ်။ …

ကျန်းမာရေး
ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ

ကျောက်ကပ်ရောဂါဟာ ဆီးချိုရောဂါကို ခံစားနေရသူတွေအတွက် အဆိုးဆုံးကြုံနိုင်တဲ့ နောက်ဆက်တွဲပြဿနာ ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါခံစားနေရသူများဟာလည်း ဆီးချိုကြောင့် ဖြစ်တတ်တာ များပါတယ်။ ဆီးချိုနဲ့ ဆက်နွယ်နေတဲ့ အခြားပြဿနာတွေလိုပဲ ရောဂါစတင်ခြင်းရဲ့ ကနဦးလက္ခဏာကို အနည်းငယ်လောက်ပဲ ပြပါတယ်။ လက္ခဏာစပြပြီးချိန်ကနေ ကျောက်ကပ်ကိုထိခိုက်တဲ့ အခြေအနေအထိ ဆယ်နှစ်လောက်လည်း ကြာနိုင်ပါတယ်။ ကျောက်ကပ်ထိခိုက်ခြင်းလက္ခဏာများ များသောအားဖြင့် ကျောက်ကပ်အလုပ်ကောင်းကောင်းလုပ်နေသမျှလက္ခဏာမပြတတ်ပါဘူး။ ကျောက်ကပ်ကို ထိခိုက်လာချိန်မှာ ပေါ်လာနိုင်တဲ့ လက္ခဏာတွေကတော့ – အရည်များစုခြင်း – ခြေဖမိုး၊ ခြေကျင်းဝတ်၊ ခြေထောက်များ ဖောရောင်ခြင်း – အစားအသောက်ပျက်ခြင်း – အချိန်တိုင်းလိုလို မောပန်းအားနည်းသလို ခံစားရခြင်း – မကြာခဏခေါင်းကိုက်ခြင်း – အစာအိမ်အောင့်ခြင်း – ပျို့ခြင်း၊ အန်ခြင်း – အိပ်မပျော်ခြင်း – အာရုံစိုက်ရန်ခက်ခဲခြင်း …

ကျန်းမာရေး
ပျဉ်းမဖြူ နှင့် ကင်ဆာမျိုးစုံ

ပျဉ်းမဖြူ နှင့် ကင်ဆာမျိုးစုံ ****************^****************** သားအိမ် ကင်ဆာ ၊အူမကြီးကင်ဆာ၊ အသည်းကင်ဆာ ၊စသည့်ကင်ဆာမျိုးစုံ၊ လေးဘက်နာ၊လေဖြတ်လေငန်းရောဂါ၊ အစရှိသည့်ရောဂါဝေဒနာများအတွက် ပျဉ်းမဖြူ အမြစ် ————————- ✔ ပျဉ်းမဖြူ မြစ်ကို ဆန်ဆေးရေနဲ့သွေးသောက်ရုံပါ၊ တစ်ရက်( ၂)ကြိမ် ဟင်းစားဇွန်း တစ်ဇွန်းစာ ရောဂါဝေဒနာပျောက်ကင်းသည်ထိသောက်ပေးပါ။ ➳ မည်သည့်ဆေးမြစ်/ခေါက်ကိုမဆို သန့်စင်ဆေးကြောပြီးရေနွေးဆူဆူမှာ (၁၅)မိနစ်ခန့်ပြုတ်၍ဖြစ်စေ ပေါင်းအိုးထဲထည့်ပေါင်း၍ဖြစ်စေ ပိုးသတ်ပြီးမှ အသုံးပြုသင့်ပါသည်။ {တစ်နည်း} ✔ အသည်းကင်ဆာ သမားများ ပျဉ်းမဖြူ အခေါက်နှင့် နလင်ကျော် နှစ်မျိုးကို ဆန်ဆေးရေနှင့် သွေးပြီးတစ်ရက်နှစ်ကြိမ် ဟင်းစားဇွန်း တစ်ဇွန်းစာဝေဒနာသက်သာသည်ထိ နေ့စဉ်သောက်ပေးပါ။ ✔ လေဖြတ်သူများ လိမ်းလည်းလိမ်း သောက်လည်းသောက်ပါ။ ✔ ဒူးနာ ခါးနာ …