၂၀၂၀ ရွေးကောက်ပွဲအတွက် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲစတင်ပေး

နိုင်ငံတကာသတင်း

ပုံစာ- ဆိုးလ်မြို့ရှိ မြန်မာသံရုံးတွင် မဲလာပေးသူများအားတွေ့ရစဉ် (ဓာတ်ပုံ- ကိုရီးယားမဲဆန္ဒရှင်များ)

၂၀၂၀ ရွေးကောက်ပွဲအတွက် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲစတင်ပေးကို အောက်တိုဘာ၂ ရက်မှ စတင်နေပြီဖြစ်ကြောင်းသိရသည်။

တောင်ကိုရီးယားနိုင်ငံတွင် ကြိုတင်မဲပေးခြင်းကို အောက်တိုဘာ ၃ ရက်မှ ၁၂ ရက်အတွင်း သတ်မှတ်ထားသည့်ရက်များတွင် ဆိုးလ်မြို့ရှိ မြန်မာသံရုံးပထမထပ်၌ မဲရုံဖွင့်လှစ်ထားကြောင်းသိရသည်။

အဆိုပါ ကြိုတင်မဲပေးသည့် အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် ဆိုလ်းမြို့ရှိ မြန်မာသံရုံးသို့ ကြိုတင်မဲပေးရန် ရောက်ရှိလာသည့် မြန်မာ နိုင်ငံသားတစ်ထောင် ဝန်းကျင်ရှိကြောင်း တောင်ကိုရီးယားတွင် အလုပ်လုပ်ကိုင်နေသည့် ကိုစိုးမိုးသူက ပြောကြားသည်။

“သံရုံးရှေ့ကဘောလုံးကွင်းကြီးရှေ့မှာလူ‌တွေတန်းစီနေကြတယ်။ သံရုံးမှာ မဲထုတ်ပေးတဲ့ မဲကောင်တာက တစ်ခုပဲရှိတယ်။လူတစ်ယောက်ကို မဲထုတ်ပေးတဲ့ စစ်ဆေးတဲ့ အချိန်ကလည်း ငါးမိနစ်ကနေ ဆယ်မိနစ်အထိကြာတယ်လေ။ အဲတော့ မနိုင်တော့ဘူးလူအုပ်ကို။ ရဲကလည်း လာကြည့်တယ်။ ကျွန်တော်တို့က မမြင်ရဘူးဆိုပေမယ့် ရပ်ကွက်ထဲကလူတွေကလည်း စိုးရိမ်မှူတွေဖြစ်ကြမှာပဲ” ဟု ကိုစိုးမိုးသူက ပြောကြားသည်။

ထို့နောက် မြန်မာသံရုံးကပတ်ဝန်းကျင်နေအိမ်များ အနှောင့်အယှက်မဖြစ်ပေါ်စေရန်အတွက် ကိုရီးယားနယ်မြေခံရဲများ၏ ညွှန်ကြားချက် အရ အောက်တိုဘာ ၃ ရက်မှစတင်ပြီး တစ်ရက်လျှင် မဲပေးရန် လူ ၈၀၀ သာ လက်ခံမည်ဖြစ်ကြောင်းနှင့် မဲပေးရန် အမှတ်စဉ်များကို တစ်ရက် ကြိုတင်ထုတ်ပေမည်ဟု သံရုံးက  ထုတ်ပြန်ကြေညာသည်။

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင်  တောင်ကိုရီးယောက်ရောက် မြန်မာများ ကြိုတင်ဆန္ဒမဲများပေးရန်လျှောက်ထားသူ ၁၀၁၆၉ ဦး ရှိရာ ၉၈၁၀ ဦး ဆန္ဒမဲပေးပိုင်ခွင့်ရှိကြောင်းသိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အစိုးရ၏ ခွင့်ပြုချက်ဖြင့် တရားဝင်သွားရောက်သည့် ပြည်ပရောက် မြန်မာနိုင်ငံသားများကို သက်ဆိုင်ရာ နိုင်ငံများရှိ သံရုံး၊ ကောင်စစ်ဝန်ရုံးများတွင် ကြိုတင်မဲပေးခြင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁ ရက် တွင် စင်ကာပူရောက် မြန်မာနိုင်ငံသားများက ကြိုတင်မဲ စတင်ပေးနေပြီဖြစ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။

ထိုသို့ကြိုတင်မဲပေးရာတွင် စင်ကာပူရှိ မြန်မာသံရုံးတွင် အောက်တိုဘာ ၁ ရက်မှ ၁၈ ရက် အတွင်း နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီခွဲအထိ မဲရုံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာသံရုံးက ကြေညာထားသည်။

ပုံစာ- ဆိုးလ်မြို့ရှိ မြန်မာသံရုံးတွင် မဲလာပေးသူများအားတွေ့ရစဉ် (ဓာတ်ပုံ- ကိုရီးယားမဲဆန္ဒရှင်များ)

မဲပေးမည့်သူများသည် မိမိတို့ မဲပေးမည့် နေ့ရက်နှင့်အချိန်တို့အား သံရုံး၏ ဝက်ဘ်ဆိုက်မှ ကြိုတင်ရက်ချိန်းယူပြီးမှသာ ဆန္ဒမဲလာရောက်ပေးရမည်ဖြစ်သည်။

ထို့ပြင် သံရုံးသို့ မဲလာရောက်ပေးမည့်သူများသည် ကိုယ်အပူချိန် 37.5°C ထက် ကျော်လွန်သူများ နှင့် စင်ကာပူအစိုးရ၏ COVID-19 ထိန်းချုပ်ကာကွယ်ရေးအစီအမံများ လိုက်နာ ဆောင်ရွက်ဆဲဖြစ်ပါက သံရုံးအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း သံရုံးက သတိပေးထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ပနိုင်ငံအသီးသီးရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်မဲလက်မှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့လွှဲပြောင်းပေးအပ်ရာတွင် စက်တင်ဘာ ၁၈ ရက်၌ ပထမဆုံးအကြိမ်အဖြစ် ၁၈၈ ဦး၊ စက်တင်ဘာ ၂၃ ရက်တွင် ဒုတိယအကြိမ်အဖြစ် ၂၀၄၂၆ ဦး၊ တတိယအကြိမ်ဖြင့် စက်တင်ဘာ ၂၄ ရက်တွင် ၄၃၄၂၂ ဦး၊ စတုတ္ထအကြိမ်အဖြစ် စက်တင်ဘာ ၂၅ ရက်တွင် ၃၇၄၉၀ ဦးအတွက် လွှဲပြောင်းအပ်ခဲ့ကြောင်းသိရသည်။

ပုံစာ- ဆိုးလ်မြို့ရှိ မြန်မာသံရုံးတွင် မဲလာပေးသူများအားတွေ့ရစဉ် (ဓာတ်ပုံ- ကိုရီးယားမဲဆန္ဒရှင်များ)

ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ပရောက် မြန်မာနိုင်ငံသားများထဲမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁၀၁၅၂၆ ဦးတို့ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။

သက်ဆိုင်ရာ နိုင်ငံအသီးသီးရှိ မြန်မာသံရုံးများတွင် အောက်တိုဘာလဆန်းပိုင်းတွင် ကြိုတင်ဆန္ဒမဲများ ပေးရန် မဲရုံများဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Crd Original

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း
ဘရိုက်တန်နဲ့ ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ မာတာကို ချီးကျူးခဲ့တဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက် အသင်းရဲ့နည်းပြ အိုလီဂန်နာဆိုးလ်ရှားဟာ ဘရိုင်တန်ကို ၃-၀ နဲ့ အနိုင်ယူပြီး ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဂျူအန်မာတာရဲ့ ခြေစွမ်းကို မအံ့သြမိကြောင်း ပြောခဲ့ပါတယ်။ ၃၂  နှစ်အရွယ် ကစားသမားဟာ အေမက်စ်ကွင်းမှာ ဗုဒ္ဒဟူးနေ့ညက ကစားခဲ့တဲ့ပွဲမှာ စကော့မက်တိုမီနေးရဲ့ အဖွင့်ဂိုးကိုလည်း ဖန်တီးပေးခဲ့သလို ဒုတိယပိုင်းမှာလည်း သူ့ရဲ့မန်ချက်စတာယူနိုက်တက် ကစားသမားဘ၀ ဂိုး ၅၀ ပြည့်ဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် ထိုပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။ လူစားဝင်လာတဲ့ ပေါလ်ပေါ့ဂ်ဘာက အနိုင်သေချာစေမယ့် တတိယမြောက် ဂိုးကိုသွင်းယူပေးခဲ့ပြီးနောက် ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ၃ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့တာလည်း ဖြစ်ပါတယ်။ …

Covid-19 Update News
အင်းစိန်ရွာမကျောင်းတိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သံဃာနှင့် လူပုဂ္ဂိုလ် ၃၅၄ ဦး အထိမြင့်တက်

အင်းစိန်ရွာမကျောင်းတိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သံဃာနှင့် လူပုဂ္ဂိုလ် ၃၅၄ ဦး အထိမြင့်တက် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်က သံဃာတော် ၂၇၅ ပါးနှင့် လူပုဂ္ဂိုလ်လေးဦး စုစုပေါင်း ၂၇၉ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း ယနေ့ ထပ်မံတွေ့ရှိသဖြင့် ကျောင်းတိုက်တစ်ခုတည်းမှ ကူးစက်ခံရသူ စုစုပေါင်း ၃၅၄ ဦးရှိသွားပြီဖြစ်သည်။ ** အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ရှိ သံဃာများနှင့် လူပုဂ္ဂိုလ်အားလုံးကို ဓာတ်ခွဲနမူနာရယူစစ်ဆေးနေ*** ပရိယတ္တိစာပေသင်ကြားမှုနှင့်ပတ်သက်၍ ထင်ပေါ်ကျော်ကြားသော စာသင်တိုက်၏ စာချနာယကဆရာတော် အရှင်ဂန္ဓသာရာလင်္ကာရက ယနေ့ထပ်မံတွေ့ရှိမှုများနှင့်ပတ်သက်၍ မိန့်ကြားရာတွင် “ ကျန်းမာရေးဝန်ကြီးဌာန နှင့် တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်ပြီး ကုသပေးလျှက် ရှိပါတယ်။ မှော်ဘီ တဆက ( တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်ကျောင် ) မှာ ၉၁ ဦး …