ကလေးကဏ္ဍ

မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ

မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ ကလေးတွေဟာ မွေးကင်းစအချိန်ကနေ အသက်တစ်နှစ်ပြည့်တဲ့အချိန်ထိ မိဘတွေအနေနဲ့ သေချာအနီးကပ်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လုံခြုံတဲ့ မိခင်ရဲ့ ဝမ်းဗိုက်ထဲကနေ ပြင်ပလောကကို ရောက်ရှိလာပြီး အသက်ရှူဖို့၊ စားသောက်ဖို့၊ အိပ်စက်အနားယူဖို့ အစရှိတဲ့အရာတွေကို စတင်သင်ယူရပါတယ်။ ပြင်ပလောကနဲ့ အသားကျဖို့အတွက် ပြင်ဆင်နေရတဲ့ ဒီပထမတစ်နှစ်ကာလကတော့ ကလေးတွေအတွက် ကျန်းမာရေးပြဿနာများ ထူပြောတဲ့ ကာလမို့ မကြာခင်မှာ မိဘလောင်းဖြစ်တော့မယ့်သူတွေရော၊ အခုမှ ပထမဆုံး သားဦးသမီးဦးမွေးထားတဲ့ မိဘတွေအတွက်ပါ သိထားသင့်တဲ့ ကျန်းမာရေးပြဿနာများကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ ၁။ မွေးဖွားစဉ် ထိခိုက်မှုများ တစ်ခါတရံ မီးဖွားနေချိန်မှာ ကလေးကို မိခင်မွေးလမ်းကြောင်းကနေ လျင်မြန်စွာ ထွက်လာစေဖို့ ညှပ်ကိုအသုံးပြုရတာမျိုး ရှိပါတယ်။ …

ကလေးကဏ္ဍ

ကလေးတစ်ယောက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးသူဖြစ်လာစေဖို့

ကျန်းမာရေးကောင်းဖို့ အရေးအကြီးဆုံးအချက်က ဘာများဖြစ်မလဲ။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးနေထိုင်ဖို့ပါ။ ဒါဆို ကိုယ်တိုင်ရောကျန်းမာရေးနဲ့ညီ​ညွတ်အောင်စားသုံးမိနေရဲ့လား။ ဒါကအရေးကြီးတယ်နော်။ ကိုယ်တိုင်အသက်ရှည်ဖို့ရော ကိုယ့်ကိုယ်ပွားလေး ကျန်းမာအသက်ရှည်စေဖို့ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတတ်တဲ့အလေ့အကျင့်က မဖြစ်မနေမွေးမြူသင့်တာပါ။ ကဲ..ကလေးကို ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတတ်သူဖြစ်လာစေဖို့ ဘာတွေများသိထားဖို့လိုမလဲ တွေးနေလား။ တွေးမနေပါနဲ့။ အခုပဲ ဒီဆောင်းပါးလေးကိုဖတ်ပြီး အကောင်းဆုံးလုပ်ဆောင်လိုက်ကြရအောင်လား……. ကလေးတစ်ယောက်ရဲ့ အလေ့အထတွေအပေါ်မှာ လွှမ်းမိုးနိုင်စွမ်းအရှိဆုံးသူတွေက ဘယ်သူတွေများလဲ…….. ကလေးတစ်ယောက်ရဲ့ အလေ့အထတွေက သူငယ်စဉ်ကလက်ပွန်းတတီးရှိခဲ့တဲ့ လူကြီးတွေဆီက သင်ယူထားတာပါ။ ဒါကြောင့် လူကြီးတွေက စံပြဖြစ်နေဖို့လိုပါမယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတတ်စေဖို့ ကလေးကို ငယ်စဉ် အစားအစာတွေစတင်မိတ်ဆက်ချိန်ကတည်းက အသီးအနှံ၊ သား၊ငါး၊ ပဲ၊ ဥအမျိုးမျိုးတို့ကို အချိုးအစားကျကျကျွေးမွေးပေးဖို့လိုပါမယ်။ ဒါမှလည်း ကလေးက အစားမရွေးဘဲ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတတ်သူတစ်ဦးအနေနဲ့ အရွယ်ရောက်ကြီးပြင်းလာမှာပါ။ ကလေးက အရွယ်ရောက်လာတဲ့အခါ ထမင်းဝိုင်းမျာအတူတူထိုင်ရင်း ဟင်းကိုထည့်ပေးပြီး ဒါလေးစားပါလား။ အသားအရေအတွက်ကောင်းတယ်။ ဒါလေးထည့်စားနော် …