သိမှတ်ဖွယ်ရာ လေ့လာစရာ

ခြေလက်တို့ရဲ့ အလှတရား

ခြေလက်တို့ရဲ့ အလှတရားကလည်း အရမ်းအရေးပါတာပေါ့။ ခြေထောက်တွေ လက်တွေရဲ့ အလှတရားက ဘာဖြစ်မလဲ? ခြေထောက်တွေ လက်လေးတွေက မာကြောကြမ်းတမ်းနေတာတွေ၊ အသားမာတွေမရှိဘဲ နူးညံ့ချောမွေ့နေတာပဲပေါ့။ ခြေချောင်း လက်ချောင်းသွယ်သွယ်လေးတွေနဲ့ဆိုရင် အရမ်းလှတယ်ဆိုပေးမယ့် လုပ်ယူလို့မှမရတာနော်။ အဲဒီတော့ ရတဲ့နည်းလေးတွေနဲ့ ခြေထောက်တွေ လက်တွေရဲ့ အလှတရားကို ပုံဖော်ကြည့်ရအောင်။ Hands လက်တွေက အလုပ်ပေါင်းစုံလုပ်ရတယ်၊ ပစ္စည်းတွေအများကြီးနဲ့ ထိတွေ့ရတယ်။ အဲဒီတော့ အထူးသဖြင့် ခြောက်သွေ့တဲ့ အသားအရေရှိတဲ့သူတွေ၊ ရေကိုင်များတဲ့သူ ဆပ်ပြာတွေနဲ့ ထိတွေ့မှုများတဲ့သူတွေမှာ လက်ဖဝါးတွေ ကြမ်းတမ်းခြောက်သွေ့ နေတတ်တယ်လေ။ စိတ်ညစ်ရတာပေါ့နော့။ အဲဒီတော့ လက်လေးနူးညံ့ အိစက်နေအောင် လုပ်ရမယ့်နည်းလေးတွေကို ပြောပြပေးမယ်နော်။ – ရေကိုင်ရင်၊ ပန်ကန်ဆေး အဝတ်လျှော်ရင် ရာဘာလက်အိတ်စွပ်ထားပါ။ – နေ့ဘက်တွေမှာ …