ကျန်းမာရေး

အနံ့ပျောက်ရင် ဘာလုပ်ရမလဲ

ခုတလော အနံ့ မရတော့ဘူးဆိုရင် ကိုဗစ်ပဲဆိုပြီး စိုးရိမ်မှုတွေ အတော်လေး များနေကြပါတယ်။ ကိုယ်ပူတယ်၊ ခေါင်းကိုက်လိုက်တာ၊ ချောင်းဆိုးနေပြီဆိုရင် ရုတ်ရက် ဘာ လှမ်းမေးမိလဲ။ ဟဲ့…… အနံ့ ရသေးရဲ့လား ဆိုတာဟုတ်။ အင်း….. အနံ့ ရတယ်ဆိုရင်။ ဟယ် ကိုဗစ်မဟုတ်ပါဘူး။ ရိုးရိုး ဖျားတာနေမယ်။ အိပ်ရေးပျက်လို့ ခေါင်းကိုက်တာနေမယ်။ ဘာစားမိလို့တုန်း။ အချိုစာများ စားမိသေးလားဆိုတာနဲ့ အဆုံးသတ်သွားတယ်။ ခံစားနေရသူမှာလည်း စိတ်သက်သာရာကို ရလို့။ ကဲ… အခုတစ်ခေါက်တော့ အနံ့ပျောက်နေရင် ဘယ်လို လုပ်ရမလဲဆိုတဲ့ စမ်းသပ်နည်းလေး တစ်ခုကို ပြောပြပေးသွားမယ်နော်။ အနံ့ ပျောက်တာ ကိုဗစ် တစ်ခုတည်းကြောင့် မဟုတ်ပါ။ ကိုဗစ်ကြောင့် မဟုတ်ဘဲ ဒီအချက်တွေကြောင့်လည်း အနံ့ပျောက်နိုင်ပါတယ်။ …

သိမှတ်ဖွယ်ရာ လေ့လာစရာ

အလုပ်သရဲလေးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ

အလုပ်သရဲလေးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ အလုပ်ခွင်တွေထဲမှာ အလုပ်မှ အလုပ်ဆိုပြီး လုပ်နေတတ်တဲ့ အလုပ်သရဲလေးတွေ ရှိတတ်ကြပါတယ်။ မြင်ဖူးကြတယ်ဟုတ်။ ဒါမှမဟုတ် ကိုယ်တိုင်ကရော အလုပ်မှ အလုပ် ဖြစ်နေတဲ့ အလုပ်သရဲလေးများလား။ ဟုတ်နေပြီဆိုရင်တော့ ဒီ ကျန်းမာရေး ပြဿနာလေးတွေ ခံစားရနိုင်လို့ ဂရုစိုက် ကာကွယ်ဖို့ ပြောပါရစေ။ ရုံးရောက်တဲ့ မနက်ခင်းကစလို့ ရုံးပြန်ချိန်အထိ အလုပ်မှ အလုပ် လုပ်နေသူတွေမှာ အလုပ်တွေ ပြီးတယ်ဆိုတဲ့ ခံစားချက်က ပျော်စရာအတိ ဆိုပေမယ့် ခန္ဓာကိုယ်မှာ ထိခိုက်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကလည်း ရှိနေတယ် ဆိုတာ မမေ့စေချင်ပါဘူး။ အစားပုံမှန် မစားဖြစ်တာ အလုပ် မပြီးမှာစိုးပြီး အလုပ်ကို ဆက်တိုက်လုပ်နေရင်းက အစားစားချိန် ကျော်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ …