ကျန်းမာရေး

ဆီးချိုဝေဒနာရှင်တွေကို အထူးအန္တရာယ်ပေးနေတဲ့ကိုဗစ်

လတ်တလော ကိုဗစ်ရောဂါကြောင့်သေဆုံးသွားသူ အားလုံးလိုလိုမှာဆီးချိုရောဂါရှိနေတာကို တွေ့ရမှာပါ။ ဆီးချိုရောဂါအခံရောဂါရှိသူတွေဟာ ကိုဗစ်ဒဏ်ကို ဘာကြောင့်ပိုခံရသလဲဆိုတာ ပြောပြပေးချင်ပါတယ်။ သွေးလေးဖက်နာရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါလို နာတာရှည်ရောဂါတစ်ခုခုရှိနေရင် ကိုဗစ်ရောဂါက ပိုဒုက္ခပေးနိုင်တာကို အတော်များများသိကြပြီးဖြစ်မှာပါ။ ဒါဟာအဓိကအားဖြင့် ဆီးချိုရောဂါရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုနဲ့သက်ဆိုင်ပါတယ်။ ဆီးချိုရောဂါရှင်တွေက ဆီးချိုမရှိတဲ့သူတွေလောက် ကိုယ်ခံအား မကောင်းပါတဲ့အတွက် ပြင်ပရောဂါတွေဝင်ရောက်လာမှာတဲ့အခါ ခံနိုင်ရည်သိပ်မရှိသလို ရောဂါကိုလည်းပြန်မတိုက်ထုတ်နိုင်ပါဘူး။ ဒါ့ကြောင့် ဆီးချိုမရှိသူတွေနဲ့ယှဉ်ရင် ကိုဗစ်လက္ခဏာတွေ ပိုဆိုးဆိုးရွားရွားခံစားရပြီး နောက်ဆက်တွဲပြဿနာတွေပိုဝင်လာတာဖြစ်ပါတယ်။ တကယ်လို့ ဆီးချိုရောဂါအပြင် နှလုံးရောဂါ (ဒါမှမဟုတ်) အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတစ်ခုခုပါ တွဲရှိနေရင်တော့ တအားအသက်အန္တရာယ်များသွားပါပြီ။ ခန္ဓာကိုယ်ကဗိုင်းရပ်စ်ပိုးကို ပြန်တိုက်ထုတ်နိုင်ဖို့ အင်အားမရှိသလောက်ဖြစ်သွားပါပြီ။ ဆီးချိုရောဂါရှိသူ ကိုဗစ်ကူးစက်ခံရရင် ဆီးချိုရောဂါရဲ့နောက်ဆက်တွဲပြဿနာတွေပိုကြုံတွေ့ရနိုင်ပါတယ်။ ဒီအထဲမှာအန္တရာယ်အများဆုံးက DKA (Diabetic ketoacidosis) ဖြစ်ပါတယ်။ အမျိုးအစား (၁) ဆီးချို ခံစားနေသူတွေမှာပိုအဖြစ်များပါတယ်။ DKA ဝင်လာရင်ကိုယ်ထဲမှာ ကီတုန်း (ketone) လို့ခေါ်တဲ့ အက်စစ်ဓာတ်တွေ မြင့်တက်လာပါတယ်။ …

ကျန်းမာရေး

ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ

ကျောက်ကပ်ရောဂါဟာ ဆီးချိုရောဂါကို ခံစားနေရသူတွေအတွက် အဆိုးဆုံးကြုံနိုင်တဲ့ နောက်ဆက်တွဲပြဿနာ ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါခံစားနေရသူများဟာလည်း ဆီးချိုကြောင့် ဖြစ်တတ်တာ များပါတယ်။ ဆီးချိုနဲ့ ဆက်နွယ်နေတဲ့ အခြားပြဿနာတွေလိုပဲ ရောဂါစတင်ခြင်းရဲ့ ကနဦးလက္ခဏာကို အနည်းငယ်လောက်ပဲ ပြပါတယ်။ လက္ခဏာစပြပြီးချိန်ကနေ ကျောက်ကပ်ကိုထိခိုက်တဲ့ အခြေအနေအထိ ဆယ်နှစ်လောက်လည်း ကြာနိုင်ပါတယ်။ ကျောက်ကပ်ထိခိုက်ခြင်းလက္ခဏာများ များသောအားဖြင့် ကျောက်ကပ်အလုပ်ကောင်းကောင်းလုပ်နေသမျှလက္ခဏာမပြတတ်ပါဘူး။ ကျောက်ကပ်ကို ထိခိုက်လာချိန်မှာ ပေါ်လာနိုင်တဲ့ လက္ခဏာတွေကတော့ – အရည်များစုခြင်း – ခြေဖမိုး၊ ခြေကျင်းဝတ်၊ ခြေထောက်များ ဖောရောင်ခြင်း – အစားအသောက်ပျက်ခြင်း – အချိန်တိုင်းလိုလို မောပန်းအားနည်းသလို ခံစားရခြင်း – မကြာခဏခေါင်းကိုက်ခြင်း – အစာအိမ်အောင့်ခြင်း – ပျို့ခြင်း၊ အန်ခြင်း – အိပ်မပျော်ခြင်း – အာရုံစိုက်ရန်ခက်ခဲခြင်း …

ကျန်းမာရေး

ပျဉ်းမဖြူ နှင့် ကင်ဆာမျိုးစုံ

ပျဉ်းမဖြူ နှင့် ကင်ဆာမျိုးစုံ ****************^****************** သားအိမ် ကင်ဆာ ၊အူမကြီးကင်ဆာ၊ အသည်းကင်ဆာ ၊စသည့်ကင်ဆာမျိုးစုံ၊ လေးဘက်နာ၊လေဖြတ်လေငန်းရောဂါ၊ အစရှိသည့်ရောဂါဝေဒနာများအတွက် ပျဉ်းမဖြူ အမြစ် ————————- ✔ ပျဉ်းမဖြူ မြစ်ကို ဆန်ဆေးရေနဲ့သွေးသောက်ရုံပါ၊ တစ်ရက်( ၂)ကြိမ် ဟင်းစားဇွန်း တစ်ဇွန်းစာ ရောဂါဝေဒနာပျောက်ကင်းသည်ထိသောက်ပေးပါ။ ➳ မည်သည့်ဆေးမြစ်/ခေါက်ကိုမဆို သန့်စင်ဆေးကြောပြီးရေနွေးဆူဆူမှာ (၁၅)မိနစ်ခန့်ပြုတ်၍ဖြစ်စေ ပေါင်းအိုးထဲထည့်ပေါင်း၍ဖြစ်စေ ပိုးသတ်ပြီးမှ အသုံးပြုသင့်ပါသည်။ {တစ်နည်း} ✔ အသည်းကင်ဆာ သမားများ ပျဉ်းမဖြူ အခေါက်နှင့် နလင်ကျော် နှစ်မျိုးကို ဆန်ဆေးရေနှင့် သွေးပြီးတစ်ရက်နှစ်ကြိမ် ဟင်းစားဇွန်း တစ်ဇွန်းစာဝေဒနာသက်သာသည်ထိ နေ့စဉ်သောက်ပေးပါ။ ✔ လေဖြတ်သူများ လိမ်းလည်းလိမ်း သောက်လည်းသောက်ပါ။ ✔ ဒူးနာ ခါးနာ …

ကျန်းမာရေး

ဆီးချိုရှိလည်း အသက်ရှည်ရှည်နေလို့ရမယ့် လျှို့ဝှက်ချက်

ဆီးချိုရောဂါဆိုတာ လူကြီးတွေရော ၄၀ ပတ်ဝန်းကျင်လူလတ်ပိုင်းတွေမှာပါ အဖြစ်အများဆုံး ရောဂါတွေထဲက တစ်မျိုးပါ။ နေထိုင်စားသောက်မှု ပုံစံ မှားယွင်းတာအပြင် မွေးရာပါ အားနည်းချက်၊ မိဘမျိုးရိုး လိုက်တာ စတဲ့အချက်တွေကြောင့် ဆီးချိုရောဂါ ဖြစ်လာနိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဆီးချိုရောဂါသည် ဆေးနဲ့သာ ထိန်းချုပ်ထားလို့ရပြီး လုံးဝမပျောက်တဲ့ နာတာရှည်ရောဂါ အမျိုးအစားဖြစ်လို့ တော်တော်များများက ဆီးချိုဖြစ်ပြီဆိုရင် အလွန်စိတ်ဓာတ်ကျပါတယ်။ ဒီနေရာမှာ ပြောပြချင်တာကတော့ ရောဂါရှိနေတဲ့တိုင်အောင် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို သေချာလေး ပြင်ဆင်မယ်ဆိုရင် သာမန်လူတစ်ယောက်လိုပဲ ကျန်းမာအသက်ရှည်စွာ နေထိုင်သွားနိုင်မှာပါ။ ဒါဆို ဘာတွေ ပြင်ဆင်ဖို့လိုမလဲ အရင်ဆုံး စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ပါ။ ရောဂါကို မဖြစ်ခင်က ကြိုတင်ကာကွယ်လို့ ရသလို ဖြစ်ပြီးသွားရင်လည်း နောက်ပြန်ဆုတ်လို့ …

ကျန်းမာရေး

အသည်းကင်ဆာ နဲ့ပတ်သတ်ပြီးသိသင့်သမျှ

အသည်းကင်ဆာ နဲ့ပတ်သတ်ပြီး လူတော်တော်များများကြားဖူးကြတာက အရက်သောက်ရင် အသည်းခြောက်တယ်။ အသည်းကင်ဆာဖြစ်တတ်တယ်။ ဒါလည်းမှန်ပါတယ်။ တကယ်တော့ အသည်းကင်ဆာလို့‌‌ပြောလိုက်ရင် အမျိုးအစား အများကြီးရှိပါတယ်။ အသည်းဆဲလ်က ဖြစ်တာလား။ သည်းခြေပြွန်ကဖြစ်တာလား။ သွေးကြောကဖြစ်တာလား။ ကလေးတွေရဲ့ အသည်းဆဲလ်နုနုလေးတွေမှာဖြစ်တာလား။ အသည်းကစဖြစ်တာလား။ တခြားကင်ဆာကနေ ပျံ့လာတာလား စသဖြင့်ပေါ့။ ခုပြောမှာက အသည်းဆဲလ်ကဖြစ်တဲ့ ကင်ဆာကို ‌‌ပြောပြပေးမှာပါ။ အသည်းဆဲလ်ကဖြစ်တဲ့ အသည်းကင်ဆာ (Hepatocelluar carcinoma) ဒီအသည်းကင်ဆာက မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ လူလတ်ပိုင်းတွေမှာအဖြစ်များပါတယ်။ အရင်က အမျိုးသားတွေမှာပဲ အတွေ့ရများပါတယ်။ အခုတော့ အမျိုးသမီးတွေမှာပါ အတွေ့ရများနေပါပြီ။ ဘာကြောင့်ဖြစ်ရတာလဲ။ စာလိုပြောရရင် အသည်းဆဲလ်မှာရှိတဲ့ ဒီအန်အေမျိုးဗီဇပြောင်းပြီး အဆမတန် ပွားလို့ ကင်ဆာကြိတ်ဖြစ်ရတာပါ။ ကင်ဆာဖြစ်တဲ့အကြောင်းအရင်းကို တစ်ခါတစ်လေ သိပေမယ့် တစ်ခါတစ်လေ …

ကျန်းမာရေး

အနံ့ပျောက်ရင် ဘာလုပ်ရမလဲ

ခုတလော အနံ့ မရတော့ဘူးဆိုရင် ကိုဗစ်ပဲဆိုပြီး စိုးရိမ်မှုတွေ အတော်လေး များနေကြပါတယ်။ ကိုယ်ပူတယ်၊ ခေါင်းကိုက်လိုက်တာ၊ ချောင်းဆိုးနေပြီဆိုရင် ရုတ်ရက် ဘာ လှမ်းမေးမိလဲ။ ဟဲ့…… အနံ့ ရသေးရဲ့လား ဆိုတာဟုတ်။ အင်း….. အနံ့ ရတယ်ဆိုရင်။ ဟယ် ကိုဗစ်မဟုတ်ပါဘူး။ ရိုးရိုး ဖျားတာနေမယ်။ အိပ်ရေးပျက်လို့ ခေါင်းကိုက်တာနေမယ်။ ဘာစားမိလို့တုန်း။ အချိုစာများ စားမိသေးလားဆိုတာနဲ့ အဆုံးသတ်သွားတယ်။ ခံစားနေရသူမှာလည်း စိတ်သက်သာရာကို ရလို့။ ကဲ… အခုတစ်ခေါက်တော့ အနံ့ပျောက်နေရင် ဘယ်လို လုပ်ရမလဲဆိုတဲ့ စမ်းသပ်နည်းလေး တစ်ခုကို ပြောပြပေးသွားမယ်နော်။ အနံ့ ပျောက်တာ ကိုဗစ် တစ်ခုတည်းကြောင့် မဟုတ်ပါ။ ကိုဗစ်ကြောင့် မဟုတ်ဘဲ ဒီအချက်တွေကြောင့်လည်း အနံ့ပျောက်နိုင်ပါတယ်။ …