နိုင်ငံတကာသတင်း

၂၀၂၀ ရွေးကောက်ပွဲအတွက် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲစတင်ပေး

ပုံစာ- ဆိုးလ်မြို့ရှိ မြန်မာသံရုံးတွင် မဲလာပေးသူများအားတွေ့ရစဉ် (ဓာတ်ပုံ- ကိုရီးယားမဲဆန္ဒရှင်များ) ၂၀၂၀ ရွေးကောက်ပွဲအတွက် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲစတင်ပေးကို အောက်တိုဘာ၂ ရက်မှ စတင်နေပြီဖြစ်ကြောင်းသိရသည်။ တောင်ကိုရီးယားနိုင်ငံတွင် ကြိုတင်မဲပေးခြင်းကို အောက်တိုဘာ ၃ ရက်မှ ၁၂ ရက်အတွင်း သတ်မှတ်ထားသည့်ရက်များတွင် ဆိုးလ်မြို့ရှိ မြန်မာသံရုံးပထမထပ်၌ မဲရုံဖွင့်လှစ်ထားကြောင်းသိရသည်။ အဆိုပါ ကြိုတင်မဲပေးသည့် အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် ဆိုလ်းမြို့ရှိ မြန်မာသံရုံးသို့ ကြိုတင်မဲပေးရန် ရောက်ရှိလာသည့် မြန်မာ နိုင်ငံသားတစ်ထောင် ဝန်းကျင်ရှိကြောင်း တောင်ကိုရီးယားတွင် အလုပ်လုပ်ကိုင်နေသည့် ကိုစိုးမိုးသူက ပြောကြားသည်။ “သံရုံးရှေ့ကဘောလုံးကွင်းကြီးရှေ့မှာလူ‌တွေတန်းစီနေကြတယ်။ သံရုံးမှာ မဲထုတ်ပေးတဲ့ မဲကောင်တာက တစ်ခုပဲရှိတယ်။လူတစ်ယောက်ကို မဲထုတ်ပေးတဲ့ စစ်ဆေးတဲ့ အချိန်ကလည်း …