သတင်း

ဘရိုက်တန်နဲ့ ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ မာတာကို ချီးကျူးခဲ့တဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက် အသင်းရဲ့နည်းပြ အိုလီဂန်နာဆိုးလ်ရှားဟာ ဘရိုင်တန်ကို ၃-၀ နဲ့ အနိုင်ယူပြီး ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဂျူအန်မာတာရဲ့ ခြေစွမ်းကို မအံ့သြမိကြောင်း ပြောခဲ့ပါတယ်။ ၃၂  နှစ်အရွယ် ကစားသမားဟာ အေမက်စ်ကွင်းမှာ ဗုဒ္ဒဟူးနေ့ညက ကစားခဲ့တဲ့ပွဲမှာ စကော့မက်တိုမီနေးရဲ့ အဖွင့်ဂိုးကိုလည်း ဖန်တီးပေးခဲ့သလို ဒုတိယပိုင်းမှာလည်း သူ့ရဲ့မန်ချက်စတာယူနိုက်တက် ကစားသမားဘ၀ ဂိုး ၅၀ ပြည့်ဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် ထိုပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။ လူစားဝင်လာတဲ့ ပေါလ်ပေါ့ဂ်ဘာက အနိုင်သေချာစေမယ့် တတိယမြောက် ဂိုးကိုသွင်းယူပေးခဲ့ပြီးနောက် ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ၃ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့တာလည်း ဖြစ်ပါတယ်။ …