Blog
ကလေးကဏ္ဍ

ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် ကျန်းမာမှ ဗိုက်ထဲက ဘေဘီလေးက ကျန်းမာမှာပါ။ အခုလို ရောဂါပိုးတွေ ပြန့်နှံ့နေချိန်မှာ ကိုယ်ခံအားကောင်းဖို့ကလည်း အရေးကြီးနေတာဆိုတော့ ကိုယ်ဝန်ဆောင်နေရတဲ့ လေဒီတွေ အနေနဲ့ ကိုယ်ခံအား ကောင်းအောင် စားသောက်ဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင် မေမေတွေ အနေနဲ့ ဘေဘီလေးကို မထိခိုက်စေဘဲ ကိုယ်ခံအား ကောင်းအောင် ဘာတွေ စားသောက်ရမလဲ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ ပြောပါရစေ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား ကောင်းစေဖို့ ဘာတွေ စားရမလဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားကောင်းစေဖို့ ဒါတွေစားပါ။ ကြက်သွန်ဖြူ ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး၊ အအေးမိ၊ တုပ်ကွေး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မှိုပိုး ကူးစက်ခံရတာနဲ့ နှာစေး၊ ချောင်းဆိုးတာက စလို့ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို မဖြစ်စေဖို့ အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားပြဿနာ ကင်းစေပြီး …

Read More
ကျန်းမာရေး

ဆီးချိုရှိလည်း အသက်ရှည်ရှည်နေလို့ရမယ့် လျှို့ဝှက်ချက်

ဆီးချိုရောဂါဆိုတာ လူကြီးတွေရော ၄၀ ပတ်ဝန်းကျင်လူလတ်ပိုင်းတွေမှာပါ အဖြစ်အများဆုံး ရောဂါတွေထဲက တစ်မျိုးပါ။ နေထိုင်စားသောက်မှု ပုံစံ မှားယွင်းတာအပြင် မွေးရာပါ အားနည်းချက်၊ မိဘမျိုးရိုး လိုက်တာ စတဲ့အချက်တွေကြောင့် ဆီးချိုရောဂါ ဖြစ်လာနိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဆီးချိုရောဂါသည် ဆေးနဲ့သာ ထိန်းချုပ်ထားလို့ရပြီး လုံးဝမပျောက်တဲ့ နာတာရှည်ရောဂါ အမျိုးအစားဖြစ်လို့ တော်တော်များများက ဆီးချိုဖြစ်ပြီဆိုရင် အလွန်စိတ်ဓာတ်ကျပါတယ်။ ဒီနေရာမှာ ပြောပြချင်တာကတော့ ရောဂါရှိနေတဲ့တိုင်အောင် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို သေချာလေး ပြင်ဆင်မယ်ဆိုရင် သာမန်လူတစ်ယောက်လိုပဲ ကျန်းမာအသက်ရှည်စွာ နေထိုင်သွားနိုင်မှာပါ။ ဒါဆို ဘာတွေ ပြင်ဆင်ဖို့လိုမလဲ အရင်ဆုံး စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ပါ။ ရောဂါကို မဖြစ်ခင်က ကြိုတင်ကာကွယ်လို့ ရသလို ဖြစ်ပြီးသွားရင်လည်း နောက်ပြန်ဆုတ်လို့ …

Read More
IT နည်းပညာ

အင်တာနက် အသုံးမပြုခင် သိထားရမည့် အခြေခံအချက်များ

အင်တာနက်ဆိုတာဘာလဲ သိချင်ရာ မေးခွန်းအကြောင်းအရာများအတွက် အဖြေရရှိနိုင်ပြီး ယနေ့ခေတ်လူတွေရဲ့ အချိန်အများစုံကို အင်တာနက်အသုံးပြုပြီးကုန်ဆုံးလေ့ရှိသည်။ ပုံမှန် အသုံးပြုသူအနေဖြင့် မိမိတို့ရဲ့ ခံစားချက်တွေ လူနေမှုဘဝတွေကို ဝေမျှနိုင်တဲ့ Social Media တွေသာအသုံးပြုကြသည်။ အင်တာနက်ပေါ်မှာလုပ်နိုင်တဲ့အခြားအရာတွေအများကြီးရှိသည် ဈေးဝယ်ခြင်း၊ ဗွီဒယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ စာရေးခြင်းနှင့်သင်စိတ်ကူးနိုင်သည့်အခြားအရာများသည်အင်တာနက်ပေါ်တွင်ရှိပါသည်။ အင်တာနက်ကို ၁၉၉၁ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် စစ်ဘက်ဆိုင်ရာ အသုံးပြုရန်အတွက်တည်ဆောက်ခဲ့သည်။ ယနေ့အင်တာနက်ခေတ်တွင် Click တစ်ချက်နိုပ်ယုံဖြင့် အရာရာပြုလုပ်နိုင်ပါသည်။ တခြားတစ်ဖက်တွင်လည်း အပြစ်မဲ့အင်တာနက်အသုံးပြုသူများကိုစောင့်ဆိုင်းနေသည့်ဆိုက်ဘာပြစ်မှုကျူးလွန်သူများရှိပါသည်။ အင်တာနက်မသုံးခင် သတိထားရမည့် ပုံမှန်အချက်များကိုဝေမျှပေးလိုက်ပါသည်။ ၁. လုံခြုံရေးဟာ ဒဏ္ဍရီ အင်တာနက်ပေါ်မှာဘယ်သူမှလုံခြုံမှုမရှိသလို အဘယ်အရာမျှလုံခြုံမှုမရှိပါ။ ထို့ကြောင့်မည်သည့် မိမိတို့ရဲ့ ရုပ်ပုံများ၊ ဗွီဒီယိုများသို့မဟုတ် အရေးကြီးတဲ့ စာသားဖိုင်များကို upload …

Read More
ကာတွန်း နှင့် ဟာသ

ငကွဲ နဲ့ ငပြဲ စုစည်းမှု (၁)

ငကွဲ နဲ့ ငပြဲ စုစည်းမှု (၁) Crd Original Photo Crd Original Photo Crd Original Photo Crd Original Photo Crd Original Photo Crd Original Photo

Read More
ကျန်းမာရေး

အသည်းကင်ဆာ နဲ့ပတ်သတ်ပြီးသိသင့်သမျှ

အသည်းကင်ဆာ နဲ့ပတ်သတ်ပြီး လူတော်တော်များများကြားဖူးကြတာက အရက်သောက်ရင် အသည်းခြောက်တယ်။ အသည်းကင်ဆာဖြစ်တတ်တယ်။ ဒါလည်းမှန်ပါတယ်။ တကယ်တော့ အသည်းကင်ဆာလို့‌‌ပြောလိုက်ရင် အမျိုးအစား အများကြီးရှိပါတယ်။ အသည်းဆဲလ်က ဖြစ်တာလား။ သည်းခြေပြွန်ကဖြစ်တာလား။ သွေးကြောကဖြစ်တာလား။ ကလေးတွေရဲ့ အသည်းဆဲလ်နုနုလေးတွေမှာဖြစ်တာလား။ အသည်းကစဖြစ်တာလား။ တခြားကင်ဆာကနေ ပျံ့လာတာလား စသဖြင့်ပေါ့။ ခုပြောမှာက အသည်းဆဲလ်ကဖြစ်တဲ့ ကင်ဆာကို ‌‌ပြောပြပေးမှာပါ။ အသည်းဆဲလ်ကဖြစ်တဲ့ အသည်းကင်ဆာ (Hepatocelluar carcinoma) ဒီအသည်းကင်ဆာက မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ လူလတ်ပိုင်းတွေမှာအဖြစ်များပါတယ်။ အရင်က အမျိုးသားတွေမှာပဲ အတွေ့ရများပါတယ်။ အခုတော့ အမျိုးသမီးတွေမှာပါ အတွေ့ရများနေပါပြီ။ ဘာကြောင့်ဖြစ်ရတာလဲ။ စာလိုပြောရရင် အသည်းဆဲလ်မှာရှိတဲ့ ဒီအန်အေမျိုးဗီဇပြောင်းပြီး အဆမတန် ပွားလို့ ကင်ဆာကြိတ်ဖြစ်ရတာပါ။ ကင်ဆာဖြစ်တဲ့အကြောင်းအရင်းကို တစ်ခါတစ်လေ သိပေမယ့် တစ်ခါတစ်လေ …

Read More
ကျန်းမာရေး

အနံ့ပျောက်ရင် ဘာလုပ်ရမလဲ

ခုတလော အနံ့ မရတော့ဘူးဆိုရင် ကိုဗစ်ပဲဆိုပြီး စိုးရိမ်မှုတွေ အတော်လေး များနေကြပါတယ်။ ကိုယ်ပူတယ်၊ ခေါင်းကိုက်လိုက်တာ၊ ချောင်းဆိုးနေပြီဆိုရင် ရုတ်ရက် ဘာ လှမ်းမေးမိလဲ။ ဟဲ့…… အနံ့ ရသေးရဲ့လား ဆိုတာဟုတ်။ အင်း….. အနံ့ ရတယ်ဆိုရင်။ ဟယ် ကိုဗစ်မဟုတ်ပါဘူး။ ရိုးရိုး ဖျားတာနေမယ်။ အိပ်ရေးပျက်လို့ ခေါင်းကိုက်တာနေမယ်။ ဘာစားမိလို့တုန်း။ အချိုစာများ စားမိသေးလားဆိုတာနဲ့ အဆုံးသတ်သွားတယ်။ ခံစားနေရသူမှာလည်း စိတ်သက်သာရာကို ရလို့။ ကဲ… အခုတစ်ခေါက်တော့ အနံ့ပျောက်နေရင် ဘယ်လို လုပ်ရမလဲဆိုတဲ့ စမ်းသပ်နည်းလေး တစ်ခုကို ပြောပြပေးသွားမယ်နော်။ အနံ့ ပျောက်တာ ကိုဗစ် တစ်ခုတည်းကြောင့် မဟုတ်ပါ။ ကိုဗစ်ကြောင့် မဟုတ်ဘဲ ဒီအချက်တွေကြောင့်လည်း အနံ့ပျောက်နိုင်ပါတယ်။ …

Read More
ကလေးကဏ္ဍ

ကလေးတစ်ယောက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးသူဖြစ်လာစေဖို့

ကျန်းမာရေးကောင်းဖို့ အရေးအကြီးဆုံးအချက်က ဘာများဖြစ်မလဲ။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးနေထိုင်ဖို့ပါ။ ဒါဆို ကိုယ်တိုင်ရောကျန်းမာရေးနဲ့ညီ​ညွတ်အောင်စားသုံးမိနေရဲ့လား။ ဒါကအရေးကြီးတယ်နော်။ ကိုယ်တိုင်အသက်ရှည်ဖို့ရော ကိုယ့်ကိုယ်ပွားလေး ကျန်းမာအသက်ရှည်စေဖို့ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတတ်တဲ့အလေ့အကျင့်က မဖြစ်မနေမွေးမြူသင့်တာပါ။ ကဲ..ကလေးကို ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတတ်သူဖြစ်လာစေဖို့ ဘာတွေများသိထားဖို့လိုမလဲ တွေးနေလား။ တွေးမနေပါနဲ့။ အခုပဲ ဒီဆောင်းပါးလေးကိုဖတ်ပြီး အကောင်းဆုံးလုပ်ဆောင်လိုက်ကြရအောင်လား……. ကလေးတစ်ယောက်ရဲ့ အလေ့အထတွေအပေါ်မှာ လွှမ်းမိုးနိုင်စွမ်းအရှိဆုံးသူတွေက ဘယ်သူတွေများလဲ…….. ကလေးတစ်ယောက်ရဲ့ အလေ့အထတွေက သူငယ်စဉ်ကလက်ပွန်းတတီးရှိခဲ့တဲ့ လူကြီးတွေဆီက သင်ယူထားတာပါ။ ဒါကြောင့် လူကြီးတွေက စံပြဖြစ်နေဖို့လိုပါမယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတတ်စေဖို့ ကလေးကို ငယ်စဉ် အစားအစာတွေစတင်မိတ်ဆက်ချိန်ကတည်းက အသီးအနှံ၊ သား၊ငါး၊ ပဲ၊ ဥအမျိုးမျိုးတို့ကို အချိုးအစားကျကျကျွေးမွေးပေးဖို့လိုပါမယ်။ ဒါမှလည်း ကလေးက အစားမရွေးဘဲ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတတ်သူတစ်ဦးအနေနဲ့ အရွယ်ရောက်ကြီးပြင်းလာမှာပါ။ ကလေးက အရွယ်ရောက်လာတဲ့အခါ ထမင်းဝိုင်းမျာအတူတူထိုင်ရင်း ဟင်းကိုထည့်ပေးပြီး ဒါလေးစားပါလား။ အသားအရေအတွက်ကောင်းတယ်။ ဒါလေးထည့်စားနော် …

Read More
ချက်မယ်၊ စားမယ်

ဒံပေါက်ချက်နည်း

ဒံပေါက်ချက်နည်း *************************** ၁။ ကြက်သားဟင်း ၂။ ထမင်း ၃။ ဥနီ,ပဲစိမ်း,သီဟိုစေ့,စပျစ်စေ့,ဆီချက်,အရောင် ဒါလေး ၃ ခုသာ လုပ်ဖို့ လိုပါတယ်။ _____________________________________________ ၁။ ကြက်သားဟင်း ချက်ရန် ******************************* ဒယ်အိုးထဲကို ကြက်သွန်နီ ဆီသတ်ဆီ,ဂီးထောပတ်ရည် ဆတူ ထည့်၍ ဆီဆူလာလျှင် နှပ်ထားသောကြက်သား နှင့် ဆီချက်ဖပ်ကို ထည့်လုံးပါ။ ကြက်သားကို 90% နူးအောင်ချက်၍ အဖုံးအုပ်ထားပါ။ ၂။ ထမင်းချက်ရန် ********************** ထမင်းပေါင်းအိုးနဲ့ ချက်လျှင် – ဆား နဲ့ သကြားထည့်ပါ။ – လေးညှင်း,ဖာလာ,သစ်ဂျပိုး,ကရဝေးရွက် ရေဆေးပီး အားလုံး တခါတည်း ရောထည့်၍ ချက်လိုက်ပါ။ ထမင်းအိုး နွှေးခလုတ်တက်သွားတာနဲ့ …

Read More
ကလေးကဏ္ဍ

ကိုယ်ဝန်ဆောင်ချိန် ခံစားရမယ့် ကျန်းမာရေးပြဿနာတွေကို ဒီလို ဖြေရှင်းပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ ကတော့ အမျိုးမျိုး ပါပဲ။ ဒီကျန်းမာရေး ပြဿနာတွေက ဆေးခန်း ပြလောက်တဲ့အထိ မလိုအပ်ပေမယ့် ခံစားရခက်တာကတော့ အသေအချာပါပဲ။ ဒီကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖော်ပြပေးထားတာမို့ ဖတ်ကြည့်လိုက်နော်။ ကိုယ်ဝန်ဆောင်ချိန် အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ အစုစု ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေက – ဝမ်းချုပ်တာ – ကြွက်တက်တာ – မောပန်း နွမ်းနယ်တာ – ပူသလို အိုက်သလို ခံစားရတာ – ဆီး ခဏခဏ သွားတာ – အရေပြား နဲ့ …

Read More
သိမှတ်ဖွယ်ရာ လေ့လာစရာ

အလုပ်သရဲလေးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ

အလုပ်သရဲလေးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ အလုပ်ခွင်တွေထဲမှာ အလုပ်မှ အလုပ်ဆိုပြီး လုပ်နေတတ်တဲ့ အလုပ်သရဲလေးတွေ ရှိတတ်ကြပါတယ်။ မြင်ဖူးကြတယ်ဟုတ်။ ဒါမှမဟုတ် ကိုယ်တိုင်ကရော အလုပ်မှ အလုပ် ဖြစ်နေတဲ့ အလုပ်သရဲလေးများလား။ ဟုတ်နေပြီဆိုရင်တော့ ဒီ ကျန်းမာရေး ပြဿနာလေးတွေ ခံစားရနိုင်လို့ ဂရုစိုက် ကာကွယ်ဖို့ ပြောပါရစေ။ ရုံးရောက်တဲ့ မနက်ခင်းကစလို့ ရုံးပြန်ချိန်အထိ အလုပ်မှ အလုပ် လုပ်နေသူတွေမှာ အလုပ်တွေ ပြီးတယ်ဆိုတဲ့ ခံစားချက်က ပျော်စရာအတိ ဆိုပေမယ့် ခန္ဓာကိုယ်မှာ ထိခိုက်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကလည်း ရှိနေတယ် ဆိုတာ မမေ့စေချင်ပါဘူး။ အစားပုံမှန် မစားဖြစ်တာ အလုပ် မပြီးမှာစိုးပြီး အလုပ်ကို ဆက်တိုက်လုပ်နေရင်းက အစားစားချိန် ကျော်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ …

Read More